Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း တိုကျိုတွင်ဖွင့်လှစ်

ဖြိုးဝေ-mmp | သံဃာ့တော်များနှင့်သက်ဆိုင် သော အရေးကိစ္စအဝဝကို ဂျပန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်နိုင်ရန်အတွက် တိုကျိုမြို့၊ ဆုဂါမို (Sugamo) ဘူတာအနီးတွင် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (International Sangha Office-Japan) ကို ဖွင့်လှစ်ထားရှိလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းအား ယိုးဒယာနိုင်ငံမှ ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် ဂျပန် နိုင်ငံသို့ ကြွရောက်လာသော ဆရာတော်ဦးဓမ္မဇောတိမှ သံဃာ့ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၊ (၂၁)ရက်နေ့တွင် ဆရာတော်ဦး ဓမ္မဇောတိနှင့်အတူ နယူးဇီလန်နှင့် အင်္ဂလန်တို့မှ ကြွရောက်လာကြသော ဆရာတော်များအပါအဝင် စုစုပေါင်းသံဃာတော်(၅)ပါးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အရှင်ဓမ္မဇောတိမှမိန့်ဆိုသည်။

''သံဃာအရေးကိစ္စတွေကို ဂျပန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်တယ်လေ။ နောက်ပြီး သာသနာ့ဥသျှောင်ကဲ့ သို့ နိုင်ငံတကာနဲ့ဆက်သွယ်မှုတွေ လိုလာမယ်ဆိုရင် ဒီမှာဖြစ်သင့် တယ်၊ ရှိသင့်တယ်လို့ ဘုန်းဘုန်း အနေနဲ့လည်း ယူဆမိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီမှာ(ဂျပန်) အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်...''ဟု ဆရာတော်ဦးဓမ္မဇောတိမှ ဆက်လက်မိန့်ကြားသည်။

ဆရာတော်ဦးဓမ္မဇောတိသည် ၂ဝဝ၇ ခုနှစ် သံဃာသပိတ်တွင် ပြည်တွင်းသံဃာ့တပ်ပေါင်းစုအဖွဲ့၌ စည်းရုံးရေးမှူး တာဝန်ဆောင်ရွက်ခဲ့သည်။

လွတ်လပ်စွာလုပ်ကိုင်ခွင့်ရသော အင်္ဂလန်၊ အမေရိကန်နှင့် အခြား နိုင်ငံများတွင်ထားရှိသော သာသနာ့ဥသျှောင် ရုံးခန်းခွဲများ ထားရှိသကဲ့သို့ ဂျပန်နိုင်ငံတွင် ထားရှိစေလိုကြောင်း၊ ယခုအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းကိုလည်း နောက်ပိုင်းတွင် သာသနာ့ဥသျှောင် ဆရာတော်ကြီးများ၏ မိန့်ကြားချက်များ နှင့်အညီ နိုင်ငံတကာနည်းတူ ဖွင့်လှစ်နိုင်အောင်ကြိုး ပမ်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းသိရသည်။

ယခုဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်းကို 'Itabashi'တွင်ရှိနေသာ 'မြန်မာ ယဉ်ကျေးမှုနှင့်လူမှုရေးအရေး (MCWA)'အမည်နှင့်တည်ရှိသည့် ဘုန်းကြီးကျောင်းနှင့်ခွဲထွက်ကာ စင်ပြိုင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း သိရသည်။

'Itabashiမှာဖွင့်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းကြီးလည်း ရှိပါတယ်။ သို့ပေမယ့် သံဃာ့အရေး၊ နိုင်ငံရေးနှင့် ဆက်စပ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ဒီ့အခက်အခဲတွေကို ပြေလည် စေချင်တဲ့အပိုင်းလည်းပါ,ပါတယ်။ နောက်ပြီးသံဃာ့အရေးကိစ္စဆောင် ရွက်နေတဲ့ ဆရာတော်သံဃာတော် တွေ ဂျပန်ကိုကြွလာတဲ့အခါမျိုးမှာ တည်းခိုဖို့အခက်အခဲလည်းမဖြစ် တော့ဘူးပေါ့...''ဟု ယခုလိုမိန့် ဆိုသည်။

သံဃာ့ရုံးခန်းဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာတကာ/ တကာမတချို့မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဆရာတော်မှဆက်လက်၍ 'သံဃာနှင့်ဒကာ'ဆိုသည်မှာ ''သာဂါရာ အနာဂါရာစ ဥဘောအညေါ ည နိဿိတာ''ဆိုသည့် တရား တော်အတိုင်း ''ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ''ဆိုသလို အပြန်အလှန် အမှီ သဟဲပြုနေကြတာဖြစ်ကြောင်း မှတ်သားဖွယ်မိန့်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကိုဆက်သွယ်လိုပါက-

T၁၇ဝ-ဝဝဝ၂

ROOM - 501, TOKYO, TOSHIMA-KU, SUGAMO DEAR PLAZA, 3-24-5

(ဆရာတော်ဦးဓမ္မဇောတိ)

ဖုန်း - ဝ၈ဝ-၃၂၅ဝ-၆၇၁၂

မေးလ်လိပ်စာ - iso.jpb@gmail.com
iso.jp2009@gmail.com

သို့လည်းကောင်း၊ လက်ရှိ ကူညီဆောင်ရွက်ပေးနေသော ဒကာဒကာမများကို လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

ဖုန်းနံပါတ်များမှာ -

ဝ၉ဝ-၉၉၇၂-၆ဝဝ၁၊ ဝ၈ဝ-၃၃၈ဝ-၅၈၄၇၊ ဝ၈ဝ-၃၁၂ဝ-၉ဝ၈၄၊ ဝ၉ဝ-၁၆၉၅-၂၄၅၅၊ ဝ၉ဝ-၄၈၄၄-၇ဝ၉၂၊ ဝ၈ဝ-၃ဝ၂၆-၁၆၁ဝ၊ ဝ၈ဝ-၅၃၇၃-၂၅၂၄ စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

1 comments:

Tun Lin said...

ဗုဒ္ဓဘာသာ သာသနာ့ဝန်ထမ်း ဆိုတာ လောကုတ္တရာ သာသနာ့ ဝန်ထမ်း အလုပ်တွေပဲ လုပ်ရမှာပါ။

17 December 2009 at 05:05

Post a Comment