Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အကောင်းဆုံးမြေသြဇာ အဖွဲ့၏ တိုက်တွန်းနိုးဆော်လွှာ

တိုက်တွန်းနိုးဆော်လွှာ

ပြည်သူ လူထုကြီးခင်ဗျား-
ကျွန်ုပ်တို့ အားလုံးသည် စစ်အစိုးရ အုပ်ချုပ် နေသည့် ကာလ တလျှောက်လုံး ဒုက္ခအဖုံဖုံ ၊ ဆင်းရဲမှု ပေါင်းများစွာမှ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး စစ်တပ်က ပေးလာနိုးနှင့် စောင့်မျှော်နေလို့ မရနိုင်တော့ပါ။

ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာ လုပ်နေသော ကြံ့ဖွံ့ စွမ်းအားရှင် အပါအဝင် မျိုးမစစ်တဲ့ စစ်သားများ၊ ပြည်သူကို ပြန်မကြည့်သော လုံထိန်းများ၊ ရဲများ နှင့် အရိုးအရင်း ကိုက်စားပြီး စစ်တပ် လုပ်သမျှ နောက်က လိုက်လုပ်နေသော နိုင်ငံရေးသမားများ ရှိနေသမျှ စစ်မှန်သည့် ပြောင်းလဲမှု့ ကျွန်ုပ်တို့ အားလုံး ရရှိခံစား နိုင်မည် မဟုတ်ပါ။

ထို့သို့ စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်ပေါ်လာဖို့ အတွက် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံးနှင့် ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားများဟာ အဓိက အရေးပါသည်ဟု အခိုင်အမာ ယုံကြည်မိပါသည်။

ကျွန်ုပ်တို့ နိုင်ငံ ပြောင်းလဲဖို့နှင့် ရပိုင်ခွင့် အခွင့်အရေးများ အပြည့်အဝ ရရှိ ခံစားနိုင်ကြဖို့ ကျွန်ုပ်တို့ ပြည်သူလူထု တရပ်လုံးမှ တောင်းယူလို့ မရနိုင်တော့ပါ။ စောင့်ယူလို့ မရနိုင်တော့ပါ။

တိုက်ယူမှ ရပေလိမ့်မည်။ ရကို ရရ မည်။

ထို့ကြောင့် ကျွန်ုပ်တို့ ပြည်သူ လူထု တရပ်လုံး ပါဝင်သော လူထုလှုပ်ရှားမှုများအား တိကျခိုင်မာပြတ်သားပြီး ဝါရင့်၊ သမ္ဘာရင့် နိုင်ငံရေး သမားကြီးများ ပါဝင်သည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင် ဆင်နွဲသွားကြရန်အတွက် ကျွန်ုပ်တို့ အဖွဲ့မှ အထူးအလေးထား တိုက်တွန်း နိုးဆော် လိုက်ရပါသည်။

“မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ”

ဆက်သွယ်ရန်။ ။ www.thebestmanure.org
tbmmanure@gmail.com
tbmwaipl@gmail.com

0 comments:

Post a Comment