Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

မတရားစီရင်ချက်ချခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် တောင်းဆိုဆန္ဒပြ



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများဦးဆောင်၍ ဒီဇင်ဘာ ၁၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဂျပန်အစိုးရမှ ပြတ်ပြတ်သားသား ဆောင်ရွက်ရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုမှ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတစ်ဦး ၀င်ရောက်မှုဖြင့် သြဂုတ်လ ၁၁ ရက်နေ့က နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။ ထိုစဉ်ကတည်းက ဂျပန်ရောက် မြန်မာ့ဒီမိုသမားများက သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ ဒုတိယလ(၁၁)ရက်နေ့တွင် ဂျပန်နိုင်ငံရှိ ကုလအဆောက်အဦရှေ့သို့ တောင်းဆိုချီတက်ဆန္ဒပြခြင်း၊ တတိယလတွင် ဂျပန်လွှတ်တော်ရှေ့ ၌ တောင်းဆိုဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ လစဉ်(၁၁)ရက်နေ့တိုင်း တောင်းဆိုဆန္ဒပြပွဲများပြုလုပ်သွားမည်ဟုလည်း သိရှိရပါသည်။
(နန်းအိမွန်ချစ်)

1 comments:

Nay Dun said...

ဂျပန်အစိုးရမှာ အာဆီယံနိုင်ငံ များ၏ ၂၇ နှစ်ကြာမြင်ခဲ့ပြီ ဖြစ်သော ASEAN's Treaty of Amity and Cooperation (TAC) အား တရုတ် နှင့် အိန္ဒိယ တို့  လက်မှတ်ထိုးပြီး တစ်လအကြာမှာ ၂၀၀၄ ဇူလိုင်လ အတွင်းမှာ အင်ဒိုနီးရှား ဂျကာတာမှာ လက်မှတ်ထိုးခဲ့ တာပါ။ မြန်မာပြည်၏ ပြည်တွင်းရေး ဖြစ်သော ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်နှင့် မြန်မာ့ ဒီမိုကရေစီ အရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော အရေးများအား ဂျပန်အစိုးရမှ ပြတ်ပြတ် သားသား ဆောင်ရွက်ရန် အတွက် တောင်းဆို ဆန္ဒပြခဲ့ကြသော်လည်း အာဆီယံနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက် စွက်ခြင်း မပြုလုပ်ပါ ဟူသော အချက်ကို လက်မှတ်ရေးထိုး ဂတိပြုထားသော အချက်ကို ဆန္ဒပြသူများ အနေဖြင့် မေ့မထားသင့်ပါ။

ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိသူ၊ မရှိသူ ဆိုတာကိုလည်း ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုပြုချက်နဲ့ အတည်ပြု သတ်မှတ်ထား ခဲ့တာ ဖြစ်ပြီး အဲဒီနောက်မှာ ဖြစ်ထွန်းလာတဲ့ ၁၉၇၄ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ နဲ့  ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ များမှာပါ နိုင်ငံခြားတိုင်း တစ်ပါးရဲ့  ထောက်ပံ့၊ သြဇာကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ခံယူထားသူ၊ မိဘ၊ သားသမီး၊ မည်သည့်၊ ပုဂ္ဂိုလ်မှ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဘူး ဆိုတဲ့ အချက်ကို ဆက်လက် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံများစွာရဲ့  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ များမှာ လည်း အလားတူ ပါဝင်တာကို တွေ့ ရှိနိုင်ပါတယ်။ ဥပမာ ပြောရရင် စင်္ကာပူ၊ အိန္ဒိယ၊ မလေးရှား အစရှိတဲ့ နိုင်ငံများ ဖြစ်ပါတယ်။

လာမည့် ၂၀၁၀ ခုနှစ်မှာ ပြည်သူတွေ အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ
တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမှာ ဖြစ်တယ်။ မိမိတို့ရဲ့ ယုံကြည်မှုအပေါ်
အခြေပြုဖွဲ့စည်းထားတဲ့ ပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားမှု အသွင်သဏ္ဍာန် အသစ်တွေနဲ့လည်း
ကြုံတွေ့ကြရမှာ ဖြစ်တယ်။ လို့  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နှစ်ပတ်လည် အစည်းအဝေး (၂၀၀၉) ပဉ္စမနေ့  (၂၇-၁၁-၂၀၀၉)တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ပြောကြား ခဲ့ပါတယ်။

လူတစ်ဦး တစ်ယောက်၊ တစ်ဖွဲ့ ၊ တစ်ပါတီရဲ့  ကျဉ်းမြောင်းတဲ့ အကျိုးစီးပွား အတွက် အလေး မထားဘဲ တိုင်းရင်းသား ပြည်သူအားလုံး အတွက်ဘဲ အလေးထားမယ်။ သဘောထား တိုက်ဆိုင်သူဖြစ်စေ မတိုက်ဆိုင်သူ ဖြစ်စေ ဒီမိုကရေစီ ပန်းတိုင်ကို မျက်ခြေ မပြတ်ဖို့  နဲ့ အင်တိုက် အားတိုက် ပါဝင်ဖို့ ၊ စက်တင်ဘာ ၁၇ ရက်နေ့ က အကျဉ်းသား ၇၁၁၄ ကို ကောင်းမွန်စွာ နေထိုင်တဲ့ အတွက် လွှတ်ပေးခဲ့ပြီး ရွေးကောက်ပွဲမှာ ဥပဒေ နှင့် အညီ ပါဝင်နိုင်မှာ ဖြစ်ကြောင်း နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က (၆၄) နှစ်မြောက် ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားခဲ့ပါတယ်

ဂျပန်အစိုးရမှ ပြတ်ပြတ် သားသား ဆောင်ရွက်နိုင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲ တရားမျှတအောင် နိုင်ငံတကာမှ လက်ခံအောင် မိတ်ဆွေကောင်း တစ်ဦးအနေနဲ့  တိုက်တွန်းဖို့ နဲ့  အောင်မြင်အောင် မြန်မာနိုင်ငံနဲ့  ပူးပေါင်း ဆောင်ရွက်ဖို တို့ သာ ရှိပါကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

12 December 2009 at 21:10

Post a Comment