Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

မင်းသစ်တည် ကဗျာအား ဖြန့်ဝေပေးခြင်း

ဝိရောဓိ ပစ္စုပ္မန်

အမှိုက်ကို ရွှေထင်ပြီး…
နိုးထရမယ့်မနက်ခင်း… နိုးလော့…….။

လတ်ဆတ်တဲ့ အိမ်မက်မရှိတဲ့ ….. တိုင်းပြည်…..၊
ဦးတည်ရာ လမ်းမရှိဘဲ… လျှောက်နေမိတဲ့…. ခြေထောက်တို့…..၊
အနာဂါတ်ရဲ့ ပစ္စုပ္မန်လေးတွေ……

သမိုင်းကို ပုခုံးတင်ပြီး….
ကျောင်းတက်ခေါင်းလောင်း ရှိရာဆီ….. ပြေးကြ…..။

ဟိုမှာ…… ထောင်ဗူးဝ…..
အမှန်တရားအတွက်…. အသက်ကို စတေးရဲသူတို့….
အတ္တကို ဇီဝိန်ချုပ်ပြီး…. နေနေကြ…..
ဝိရောဓိ….. အရှိ……။

ငွေအတွက် အတ္တကို သူတောင်းစား လုပ်နေသူများ….
ကိုယ့်ကျောပေါ်ကျကျလာတဲ့…… နှင်တံကို …ကိုင်ပြီး….
အမျိုးသား ကာကွယ်ရေး…. တံဆိပ် ကပ်ကြ….။

သခင်က ပလ္လင်မှာ ထိုင်ရင်း…. အာဏာ နူနာစွဲနေ…..
နောက်ကမယားက…. အ၀ီဇိ မျိုးဆက်ကို….
ရင်ဝယ်ပိုက်ထွေးရင်း….
မိုနာလီဇာတစ်လှည့်….. ကလီယိုပက်ထရာတလှည့်….
ပေါ်လီယာနာ ဂိုက်လည်း ဖမ်းထားသေးတယ်…..။

နာဂစ်လည်း…. တွေ့ပြီးပြီ…. NGO….. တွေလည်း မွှေပြီးပြီ……
ငတက်ပြားတစ်သိုက်…. ကျားကန်ထားတဲ့….
ရာဇပလ္လင်လည်း…. ယိုင်နဲ့ခဲ့ပြီးရင်…
မြိုချမယ့်… ဂူဝတွေလည်း…. ဆောက်ပြီးပြီ…။

အနာဂတ်ကို အံစာခေါက်ရင်း…. ပြက္ခဒိန် တွေ ဆွဲစုတ်…..။

မှားပါ များတဲ့ …. အမှားဟာ…
ယဉ်ကျေးမှုတစ်ခု…. ဖြစ်ရော့သလား….။

လျှောက်မိမှတော့…. ပြဒါးတစ်လမ်း…. သံ တစ်လမ်း….
ဆုံးအောင် လျှောက်ကြကြေးဟေ့……။

ဘယ်ဘုံဘ၀ ရောက်ရောက်…… “သစ္စာ” ဆိုတဲ့ ရန်ကြွေးရှိရင်….
ကမ္ဘာမကြေ တေးလည်း….
ဆုံးခန်းတိုင်အောင်…. ဆိုလိုက်ကြရအောင်…။

မင်းသစ်တည် (19.8.2009)

http://www.ko-htike.blogspot.com/ မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment