Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေ

မြင့်မောင် (မဇ္ဈိမ)။ ။ အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက အယူခံ ဝင်သွားမည် ဖြစ်သည်။

တရားဝင် ရပ်ဆိုင်းပြီး ဥပဒေဖြင့် တရားစွဲဆို ပြစ်ဒဏ်ချခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးတွင် လာမည့် တပတ်အတွင်း အယူခံတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ဖို့ ပြောပါတယ်။ အယူခံကို ရေးနေတုန်း ရှိပါသေးတယ်။ ပြီးတာနဲ့ ဒေါ်စုကို ပြမယ်။ ပြပြီးတာနဲ့ အတည်ပြုချက်ရရင် တိုင်းတရားသူကြီးရုံးကို တင်မှာပါ။ လာမယ့် အပတ်ထဲမှာ တင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်ပုံ အခြေခံဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အရ ထောင်ဒဏ်ကို ၁၈ လသို့ လျှော့ပေါ့ကာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကန့်သတ်စည်းကမ်းများဖြင့် သူမ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မဝင်းမမနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပြန်လည် ထိန်းသိမ်းခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ တွင် ဖော်ပြထားသည်မှာ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရပ်ဆိုင်းသွားခဲ့ကြောင်း ဖော်ပြထားသည့်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုးပြီး ကြေညာခဲ့သဖြင့် ထိုဥပဒေသည် ယခုအခါ ပျက်ပြယ်ပြီးကြောင်း ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အမှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သည့် ဂျွန်ယက်တောသည် ထောင်တွင်း တရားခွင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သော်လည်း စစ်အစိုးရက နေရပ်ရင်း အမေရိကန်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ဖြစ်သည်။
မဇ္ဈိမသတင်းဌာန

0 comments:

Post a Comment