Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

နအဖစစ်တပ်မှ ရှမ်းကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေမှုအပေါ် ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများမှ ကန့်ကွက်ဆန္ဒပြ

ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်နယ်အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၄၀ ခန့်ကို နအဖစစ်တပ်မှ အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး၊ နေအိမ်များကိုမီးရှို့ခြင်း၊ ရွာတွင်းရှိ လူထုများအား အဓမ္မပြောင်းရွေ့ ခိုင်းခြင်းများ၊ ဒေသခံရွာသားတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေခဲ့ရသည့်အပြင် ညှင်းပန်း နှိပ်စက်မှုများကြောင့် လူသေဆုံးမှုများဖြစ်ပေါ်နေသဖြင့် အဆိုပါလူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ပေးရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ သျှမ်းတိုင်းရင်းသားများမှ နအဖစစ်အခွန်ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ယခုလိုကန့်ကွက်ဆန္ဒရခြင်းနှင့် ပတ်သက်ပြီး သျှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့(ဂျပန်)မှ နာယကတစ်ဦးဖြစ်သူ စိုင်းအောင်မျိုးမြင့်မှ “ လက်ရှိ ကျနော်တို့ရဲ့ ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းကိုင်နှင့် လဲချားမြို့တွေမှာရှိတဲ့ ရွာပေါင်း ၄၀ ခန့်ကို နအဖစစ်တပ်မှ အဓမ္မ၀င်ရောက်ပြီး ညှင်းဆဲသတ်ဖြတ်မှုတွေ၊ လူနေအိမ်တွေကို ဖျက်ဆီးမီးရှို့မှုတွေကို ဇူလိုင်လ ၂၇ နေ့ကစပြီး စတင်ပြုလုပ်နေခဲ့ပါတယ်။ ဒါဟာ ဘာကြောင့် ဒီလိုလုပ်ရသလဲလို့ စုံစမ်းကြည့်တဲ့အခါမှာ မေလနှင့် ဇွန်လအတွင်းက SSAတပ်နဲ့ နအဖတပ်တို့တိုက်ပွဲဖြစ်တဲ့အခါမှာ နအဖတပ်ဘက်က ဗိုလ်မှူးတွေ၊ စစ်သားတွေ အကျအဆုံးများလို့ အဲဒါကိုမကျေနပ်လို့ ကလဲ့စားချေတဲ့အနေနဲ့ ယခုလိုပြုလုပ်တာလို့သိရပါတယ်။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ပါ။

အပြစ်မဲ့တဲ့ရွာသားတွေကို အနိုင်ကျင့်စော်ကားပြီး အိမ်တွေကိုမီးရှို့၊ ရွာတွေကိုဖျက်ဆီး၊ လူတွေကိုသတ်ဖြတ်နေတာကို ဂျပန်မှာရောက်ရှိနေတဲ့ ကျနော်သျှမ်းတိုင်းသားတွေက လုံးဝကန့်ကွက် ရှုတ်ချတဲ့အတွက် ယခုလိုဆန္ဒပြရခြင်းဖြစ်ပါတယ်…”ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ ယခုလုပ်ရပ်ဟာ ဒုတိမြောက်အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ပထမအကြိမ်ဖြစ်တဲ့ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ယခုလိုမျိုးယုတ်မာရက်စက်စွာလုပ်ခဲ့မှုကြောင့် သျှမ်းပြည်သူ ၃ သိန်းကျော်ဟာ ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးခဲ့ရပြီး ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း ဒါမျိုးကျူးလွန်နေတာကို ကျနော်တို့တစ်တွေက မကန့်ကွက်ဘူး၊ မဆန့်ကျင်ဘူး၊ မရှုတ်ချဘူးဆိုရင် ပိုပြီးအတင့်ရဲလာလိမ့်မယ်။ ဒါကြောင့် ကျနော်တို့နဲ့အတူ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီ ရဲဘော်များကလည်း တိုင်းရင်းသားများအရေး၊ နအဖရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ကန့်ကွက်ရှုတ်ချပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..”ဟု ပြောဆိုသည်။

ကန့်ကွက်ဆန္ဒပြခြင်းကို သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်) (SND-Japan) နှင့် သျှမ်းပြည်နယ်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်) (SSND-Japan) တို့မှ ဦးဆောင်ကာ နေ့လယ် ၃ နာရီမှ ၄ နာရီအထိနအဖစစ်အခွန်ရုံးရှေ့တွင်ပြုလုပ်ခဲ့ကြပြီး ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီ အဖွဲ့အသီးသီးမှလည်း ပူးပေါင်းပါဝင်ခဲ့ကြ၍ နအဖ၏လူမဆန်သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောဆိုသွားခဲ့ကြသည်။

ရှမ်းပြည်နယ်အတွင်း နအဖစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ကုလသမဂ္ဂမှ တားမြစ်ပေးရန်အတွက်၊ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း၊ သျှမ်းကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ၊ သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ သျှမ်းလူငယ်အင်အားအဖွဲ့နှင့် သျှမ်းကျန်းမာရေး စောင့်ရှောက်မှု ကော်မတီတို့နှင့်အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)နှင့် သျှမ်းပြည်နယ်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)တို့မှ စုပေါင်းတောင်းဆိုထားကြောင်းလည်း သိရှိရသည်။

သတင်းရေးသားသူ-နန်းအိမွန်ချစ်၊ စိုးဝင်းရှိန်

0 comments:

Post a Comment