Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

မြောက်ကိုးရီးယား ကုန်တင်သဘောင်္တစီးကို သံသယနဲ့စောင့်ကြည့်နေ

KAN NAM 1 လို့အမည်ရတဲ့ မသင်္ကာဘွယ်ရာ မြောက်ကိုးရီးယား ကုန်တင်သဘောင်္တစီးဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ပြီး ထွက်ခွာနေတယ်လို့ တောင်ကိုးရီးယား Cable tv သတင်းဌာနမှ (၂၁)ရက်နေ့က ကြေငြာလိုက်ပါသည်။

အမေရိကန် စစ်တပ်မှလည်း အဲဒီမြောက်ကိုးရီးယား သဘောင်္ဟာ နျူကလီးယားနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေ ဒုံးကျည်တွေ ပါလာနိုင်တယ်လို့ သံသယနဲ့ စောင့်ကြည့်နေပါတယ်။

FOX အမေ၇ိကန် သတင်းဌာနမှ ၎င်းသဘောင်္ဟာ ဘယ်နေရာအထိ သွားရောက်မယ်ဆိုတာ မပြောနိုင်သော်လည်း (၁၇)ရက်နေ့က မြောက်ကိုးရီးယားဆိပ်ကမ်းမှ ထွက်ခွာပြီး စင်္ကာပူသို့ သာဦးတည်၍သွားနေပြီး၊ ဒီသင်္ဘောဟာ နျူကလီးယားနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေ။ ဒုံးကျည်တွေ သယ်ဆောင်ရာမှာ သုံးလေ့ရှိတဲ့သင်္ဘောလို့ ပြောပါတယ်။

(၂၀၀၆)ခုနှစ် (၁၀လပိုင်းတုန်းက KANNAM 1 ကုန်တင်သင်္ဘောနဲ့ အလားတူသင်္ဘောတစီးဖြစ်တဲ့ KANNAM 5 ဟာ ဟောင်ကောင်ဆိပ်ကမ်းကို ၀င်လာစဉ် နိုင်ငံလုံခြုံရေး အကြောင်းပြချက်ဖြင့် ၀င်ရောက်ဆိုက်နားခွင့် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

KANNAM1 ကုန်တင်သင်္ဘောဟာ မြန်မာနိုင်ငံကို ၂၀၀၇ ခုနှစ် ၅လပိုင်းက ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသို့စစ်လက်နက်ပစ္စည်များ နျူကလီးယားနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်လို့ ယူဆနေကြပါတယ်။ အဲဒီသင်္ဘော ဆိုက်ကပ်ရောက်ရှိတာဟာ မြန်မာ- မြောက်ကိုးရီးယား (၂)နိုင်ငံ သံတမန်ပြန် လည်ဆက်သွယ်ခဲ့တဲ့ ၂၀၀၇ခုနှစ် (၄)လပိုင်း နောက်ဖြစ်ပါတယ်။
From : http://www.dawnmanhon.co.cc/2009/06/kannam1.html

0 comments:

Post a Comment