Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

လူ့အခွင့်အရေးချိုးဖောက်ကာ မြို့ခံများ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေခံရ

ခေါဇာမြို့ပြင်ရှိ ပျက်စီးနေသော မြေနီလမ်းမကြီးကို မယက ဥက္ကဌမှ မြို့ခံများ အတင်းအဓမ္မ ခိုင်းစေပြီး ပြုပြင်ခိုင်းနေသည်ဟု သိရသည်။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၏ အပြင်ဘက်ရှိ မိုးရာသီတွင် မိုးရေကြောင့်ပျက်စီးသွားသော မြေနီလမ်းမကြီးကို မယကဥက္ကဌ ဦးကျော်မိုးမှ မြို့ခံများကို ရပ်ကွက်အလိုက် အလှည့်ကျ ပြုပြင်ရန် ခိုင်းစေခဲ့သည်ဟု မြို့ခံများက ပြောသည်။

“တစ်နေ့ကို တစ်ရပ်ကွက်ဆီ သွားလုပ်ပေးရတယ်၊ မသွားလို့မရဘူး၊ မသွားရင် ဒဏ်တပ်မယ်လို့ ပြောတော့ ဘယ်သူမှ မလွန်ဆန်ရဲဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ခေါဇာမြို့တွင် ရပ်ကွက်နှစ်ရပ်ကွက် သာရှိသဖြင့် တရပ်ကွက်လျှင် တရက်ခြားသွားရောက်ပြုပြင်ရသည်။ မြို့ခံများ ပြုပြင်ခဲ့ရ သော ကတ္တရာလမ်းအရှည်မှာ တစ်မိုင်ခွဲခန့်ရှိကာ မြေနီဖို့ပြီး ပြုပြင်ခဲ့ကြရသည်။ လမ်းပြင်ရာတွင် တာဝန်ရှိ အာဏာပိုင်းတို့က ထောက်ပံ့မှုမပေးပဲ၊ ကိုယ့်စရိတ်နှင့်ကိုယ် သုံးရက်ကြာ ပြုပြင်ခဲ့ရသည်ဟု ရွာသားတဦးက ပြောသည်။

မြို့ရွာဖွံ့ဖြိုးရေးနှင့် လမ်းများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်အတွက် မြို့နယ်ဥက္ကဌမှ မြို့ခံများကိုသာ ခိုင်းစေလုပ်ဆောင်ခဲ့သည်ဟု မြို့ခံများပြောသည်။ လွန်ခဲ့သောမတ်လလယ်တွင်လည်း မြို့တွင်းရှိ လမ်းမကြီးကို ကတ္တရာခင်းချဲ့ထုတ်ပြုပြင်ရာ လမ်းမကြီးနှင့်ငြိစွန်းသွားသော အိမ်များကို လျော်ကြေးပေးဆောင်ခြင်းမရှိပဲ ဖြိုဖျက်ခိုင်းခဲ့သည့်အပြင် မြို့ခံများကိုလည်း တစ်အိမ်လျှင် ကျောက်နှစ်ကျင်းစီ အိမ်တိုင်း ပေးဆောင်ရမည်ဟု ဥက္ကဌ ဦးကျော်မိုးမှ အမိန့်ထုတ်ထားခဲ့သည်။

ခေါဇာမြို့နယ်ခွဲသည် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတွင်ရှိပြီး၊ မွန်ပြည်နယ်အတွင်း နအဖစစ်သားများနှင့် ဒေသခံအာဏာ ပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခံရဆုံး ဒေသဖြစ်သည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း အလုပ်မှုဆောင် ကိုအဲမွန်က ပြောသည်။
From : www.monnews-imna.com

0 comments:

Post a Comment