Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

၂၀၁၀ မတိုင်မီ Opportunity တခုဖြစ်သော တတိယအကြိမ်ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်

မြတ်စွာဘုရားရှင်လက်ထက်တွင် လိစ္ဆ၀ီမင်းသားက သံဃာတော်တွေကိုစော်ကားခဲ့တဲ့ အတွက်ကြောင့် မြတ်စွာဘုရားမှ အချက် (၈) ချက်ထုတ်ပေးထားခဲ့ပါသည်။ ထိုအချက်မှာ
(၁) ရဟန်းသံဃာတော်တို့အား ပစ္စည်းလေးပါးမရစိမ့်သောငှာ လုံ့လပြုခြင်း ။ 
(၂) ရဟန်းတော်များအား ဘေးအန္တရာယ်ဖြစ်စေရန် မတိုးပွါးစေရန် လုံ့လပြုခြင်း။
(၃) ရဟန်းတော်တို့အား ဤနေရာ ထိုနေရာတို့၌ မရစိမ့်သောငှာ လုံ့လပြုခြင်း ။
(၄) ရဟန်းတော်တို့ကို ဆဲရေးခြင်းဆယ်ပါးတို့ဖြင့် ဆဲရေးရေရွတ်ခြင်း။
(၅) ရဟန်းတပါးနှင့်တပါး စိတ်ဝမ်းကွဲပြားအောင်လုံ့ပြုခြင်း။
(၆) ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း။
(၇) တရားတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း
(၈)သံဃာတော်၏ ဘုရားရှင်၏ကျေးဇူးမဲ့ ကဲ့ရဲ့စကားကိုပြောဆိုခြင်း
စသည့် အချက်ရှစ်ချက်ဖြင့် ညီလာခဲ့လျှင် ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို သပိတ်မှောက် ကံဆောင်ရမည်ဟု မြတ်စွာဘုရားမှ ဟောကြားထားပါသည်။ ထိုကံဆောင် သပိတ်မှောက်ခဲ့ခြင်းကို ဘုရားရှင်လက်ထက်တော်ကထဲက ရှိခဲ့သလို အခုခေတ် မ၀တ၊ န၀တ၊ နအဖ လက်ထက်မှာ ဆိုရင် ၁၉၉၀ခုနှစ် မှာ တကြိမ် ၂၀၀၇ ခုနှစ်မှာတကြိမ် ဖြစ်ပေါ်ခဲ့ပြီး၊ နောက်ဆုံး တတိယအကြိမ် အဆုံးသတ်တိုက်ပွဲကို မကြာမီဆင်နွဲ တော့မည်ဖြစ်သည်။

တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဆိုသည်ကို ၂၀၀၉ခုနှစ် သြဂုတ်လ၊ ၁၄ရက်၊ သောကြာနေ့ တွင် သံဃာတော်အဖွဲ့အစည်းများမှ ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေငြာချက်အကျဉ်းမှာ မတရားဖမ်းဆီးထားသော သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်နှင့် သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်စော်ကားမှုများကို အမြန်ဆုံးပြန် လည်တောင်းပန်ရန် ဖြစ်သည်။ လိုက်နာပါက လာမည့် သီတင်းကျွတ်လဆန်း ၁၄ရက် (၂.၁၀.၂၀၀၉) သောကြာနေ့ နေ့လည် ၁၂ နာရီကို နောက်ဆုံးထား၍ အမြန်ဆုံးပြန်လွတ်ရန်နှင့် သာသနာကို စော်ကားမှူအပေါ် န အ ဖ စစ်အစိုးရအနေနဲ့ အမြန်ဆုံး ၀န်ချတောင်းပန်ရန် ဖြစ်သည်။

ထိုတောင်းဆိုထားသော အချက်နှစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက လာမည့် သီတင်းကျွတ်လပြည့် (၁၅) ရက် (၃.၁၀.၂၀၀၉) စနေနေ့ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာတစ်နိုင်ငံလုံး သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍သာသနာ့သိမ်တော်အသီးသီးတွင် တပြိုင်နက်တည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုကာ န အ ဖ စစ်အစိုးရနှင့်တကွ အလိုတော်ရိ ကြံ့ဖွတ် စွမ်းအားရှင် ၀န်ထမ်းများ အားလုံးကို သပိတ်မှောက်ပါမည် ဟူ၍ ဖြစ်သည်။

ထိုသတင်းထွက်ပေါ်လာသည်နှင့်အမျှ စစ်အစိုးရမှ သံဃာတော်များ စုဝေးနိုင်သည့် နေရာများနှင့် ကမ္ဘာအေးစေတီလမ်းပေါ်တွင် လုံခြုံရေးများစွာ ပိုမိုချထားခဲ့ကြောင်းသိရပါသည်။ ကျောင်းတိုက်များ၊ စာသင်တိုက်များတွင် စစ်တပ်မှ လူများကို သတင်းရရှိရေးအတွက် ဘုန်းကြီးဝတ်ခိုင်းပြီး ထည့်သွင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့မှ လှုပ်ရှားဆောင်ရွက်နေသော သံဃာတော်များ၏ မိန့်ကြားချက်အရသိရပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သံဃာတော်အပါးရေမှာ (၄) သိန်းကျော်ရှိပြီး၊ ထိုသံဃာတော်များကို စိတ်ဝမ်းကွဲအောင် စစ်အစိုးရမှ နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း သိရသည်။ မကြာသေးမီက နေပြည်တော်တွင် မဟာန ဆရာတော်ကြီး ၄၇ ပါးအား ပင့်ကာ နိုင်ငံတော်အကြီးအကဲမှ သံဃာတော်များ အစိုးရဆန့်ကျင်မှုလုပ်ငန်းများ ပါဝင်ဆောင်ရွက်ပါက နှိမ်နင်းရန် တစ်မြို့နယ်လျှင် ၁၀ ပါးဖြင့် ဖွဲ့စည်းထားသော သာသနာသန့်ရှင်းရေး အမည်ခံ သံဃစွမ်းအားရှင်အဖွဲ့များ ဖွဲ့စည်းကာ နှိမ်နင်းမှုတွေပြုလုပ်သွားရန် လျှောက်ထား/ညွှန်ကြား ထားကြောင်းသိရသည်။

ထို သံဃာစွမ်းအားရှင်အဖွဲ့များ ကို ရန်ကုန်ရှိမြို့နယ် အတော်များများတွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့်တိုင်းများပါ ဖွဲ့စည်းဆောင်ရွက်နေကြောင်း မိန့်ကြားသွားသည်။ ၄င်းမှာ သံဃာတော်များကို အချင်းချင်းရန်တိုက် ပေးခြင်းသက်သက်သာဖြစ်ပေသည်။

ယခုအပတ်အတွင်းမှာပဲ ဘုန်းကြီးကျောင်းများအတွင်း ဝင်ရောက်ရှာဖွေမှုတွေ၊ သံဃာတော်များအားစောင့်ကြည့်မှုတွေနှင့် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရပါသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ဆန္ဒပြပွဲများဖြစ်ပွါးရာ ပြည်နယ်နှင့် တိုင်း၊ မြို့နယ်အသီးတွင် လုံခြုံရေးအထူးတိုးမြှင့်ကာ စောင့်ကြည့်နေသည်။ အဆိုပါရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသည့် သံဃာတော်များကို ရှာဖွေဖမ်းဆီးနေကြောင်းသိရသည်။

ယခုသပိတ်မှောက်ကံဆောင်ရာတွင် မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့ သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့ သံဃာတော်တွေကိုချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့် ထိုသံဃာတော်များကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်မည်ဟု သိရသည်။

တဖက်မှာလည်း ဘာသာခြားများနှင့် သံဃာတော်များကြားတွင် ဘာသာရေးအထိကရုံးပွဲများ ဖြစ်ပေါ်လာနိုင်ရေးအတွက် စစ်အစိုးရလက်ပါးစေများမှ သွေးခွဲဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါသည်။ မည်သို့ပင် အခက်ခဲများရှိစေကာမူ သံဃာတော်အဖွဲ့အစည်းများကို ပေါင်းစည်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး အဖြစ် တစုတစည်းတည်းဖွဲ့စည်းပြီး တတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဖြစ်သည်။

အခုချိန်မှာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာရန် (Opportunity) အခွင့်အလမ်းသည် မိဘပြည်သူများနှင့် သံဃာတော်များရှေ့သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ဖို့ မြန်မာလူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် မိဘပြည်သူများဘက်မှ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ သံဃာတော်များနှင့်အတူ ပူးပေါင်းပါဝင် အားပေးကူညီမှုများ ပြုလုပ်သွားပါက အောင်မြင်မှုရမှာသေချာနိုင်သည်။ ၂၀၀၇ ခုနှစ်တွင် အတွေ့အကြုံရှိခဲ့ကြသော သံဃာတော်များနှင့် စစ်အုပ်စုသည် ယခုတိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် အထင်ရှားဆုံဗုဒ္ဓဘာသာနိုင်ငံရှိ မြန်မာပြည်သူများ၏ အကြပ်အတည်းကို ဘာသာရေးရှုဒေါင့်မှ ဝိနည်းတော်နှင့်အညီ ကူညီဖြေရှင်းပေးရန်နှင့် ဘာသာရေးအရဖိနှိပ်ခံရမှုများအား ဦးဆောင်နိုင်ရန် သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်တွင် ပြည်သူများဘက်မှ သံဃာတော်များနှင့်အတူ ပူပေါင်းဆောင်ရွက်မှုများ၊ အားပေးကူညီမှုများ အမှန်တကယ်ပင် လိုအပ်နေပါသည်။

နိုင်ငံရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုပါသည်။ နိုင်ငံရေးဟုဆိုရာဝယ် နိုင်ငံရေးဆိုသည်မှာ နိုင်ငံနှင့်ဆိုင်သောရေးကိစ္စဟူသမျှကို ဆိုလိုသဖြင့်ကျယ်ပြန့်လှပါသည်။ မတရားသည့်စစ်အုပ်စုကို ဆန့်ကျင်ခြင်းသည်လည်းနိုင်ငံရေးပင်ဖြစ်ပြီး နိုင်ငံတခုကိုအုပ်ချုပ်ခြင်းသည်လည်း နိုင်ငံရေးပင်ဖြစ်ပါသည်။ စစ်အုပ်စုကို ဆန့်ကျင်ခြင်းဖြစ်သည့် အတွက်ကြောင့် နိုင်ငံရေးသမားများမှလည်း ပါဝင်ကူညီဆောင်ရွက်ခြင်းများ ပြုလုပ်လာမည်ဟု မျှော်လင့်မိပါသည်။ ယခုဆိုလျှင် အကောင်းဆုံးမြေသြဇာအဖွဲ့သည် သံဃာတော်များနှင့် ပူးပေါင်းပါဝင်လှုပ်ရှားနေပြီဖြစ်ကြောင်းသိရသည်။ မိဘပြည်သူများအနေနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မိမိတို့တက်နိုင်သည့်ဘက်မှ ပြုလုပ်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဖြိုးဝေ-mmp
ကိုးကား
သံဃာတော်အဖွဲ့အစည်းများမှ ကြေငြာချက်များ
အရှင်ထာဝရ မိန့်ကြားချက်များ
မြန်မာအွန်လိုင်းစွယ်စုံကြမ်း

0 comments:

Post a Comment