Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

မလေးရှားတွင် မြန်မာမိန်းကလေးအလုပ်သမ များ နေထိုင်သော အိမ်အား အကြမ်းဖက် ဝင်ရောက်လုယက်

မိုးသွေးငယ် / ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီးများမှာလုံခြုံမှု မရှိကြောင်း အောက်ပါ အဖြစ်အပျက်က သက်သေပြနေပါသည် ။

မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး တွင် အလုပ် လာရောက်လုပ်ကိုင်နေသော မြန်မာမိန်းကလေးများ နေထိုင်သော
အိမ်ကို အကြမ်းဖက်ဝင်ယောက် ပစ္စည်းယူ မုဒိန်းကျင့် သောအမှုတခု ဖြစ်ပွားခဲ့ကြောင့် သိရှိရပါသည်။
အမှုမဖြစ်ပွားမှီ ရက်အနည်းငယ်ကြာက အိမ်နောက်ဘက် လမ်းကြားမှ လာရောက် ကြည့်ရှု့ချောင်းမြောင်း နေသည့် ယောင်္ကျားလေး သူစိမ်း ကို တွေ့ရှိရ သဖြင့် အလုပ်သမ များမှ အေးဂျင့်အား ဖုန်းဆက် ကာ အကြောင်းကြား သော်လည်း တစ်စုံတရာ လာရောက် ပြောဆိုလုပ်ကိုင်ပေးချင်း မရှိခဲ့ပါ။

နောက်တစ်ကြိမ်တွင်းလည်း အဆိုပါအိမ်နောက်ဖက်လမ်းကြားမှ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်မြင်ယူ စသူများလာရောက်၍ မဖွယ်မရာပုံစံများကို မိန်းကလေးများအား ပြုလုပ်ပြသဖြင့် အေးဂျင့်အားထပ်မံ တိုင်ကြား ခဲ့ပါသည်။အဆိုပါ အေးဂျင့် မှ သူနှင့် မဆိုင်သလို တာဝန်ယူဖြေရှင်း ပေးချင်းမရှိပဲ လာပြရင် ကြည့်နေပေါ့ဟု ပြန်လည် ပြောကြား ခဲ့သည်ဟု ကြားသိ ရပါသည်။

ယခုဖြစ်ပွားပုံ မှာ အဆိုပါ မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မိန်းကလေးများ နေ ထိုင်ရာ အိမ်တွင်းသို့ မလေးနိုင်ငံသား အိန္ဒိယ ဟုထင်ရသူ လေးဦး ဝင်ရောက်လာကာ အိမ်တွင်နေထိုင်သူ မိန်းကလေး (၁၀) ယောက် ကို ကြိုးနှင့်တုပ် အဝတ်များပါးစပ်ကိုပိတ် စီးကာ အားလုံးကို အဝတ်အစားများချွတ်ကာ ရေချိုးခန်းတွင်းသို့ ထည့်ကာ ပိတ်ထားပါသည်။

ထို့နောက် ငယ်ရွယ်သောမိန်းကလေး လေးယောက် ကို အခန်းတွင်းသို့ ခေါ်ကာ မုဒိန်းကျင့်မှု ကျူးလွန်ခဲ့သည် ဟု သိရှိရပါသည်။ တန်ဖိုးရှိသော ပစ္စည်းများကို ရှာဖွေ မွှေနှောက်ယူငင်သွားကြသည့်ပြင် မိန်းကလေး (၄)ဦးအား စော်ကားသွားခြင်းဖြစ်ပါသည်။

အဆိုပါ အမှုကိစ္စအား မလေး ရှား ရဲဌာနမှ မည်သို့ ဆက်လက် လုပ်ကိုင်ပေးမည် ကို မသိရှိရသေးသော်လည်း
နောက်ဆုံး ကြားသိရ သည် သတင်း အရ အဆိုပါ မိန်းကလေး များအားလုံးကို မြန်မာ သံရုံးမှ လာရောက် ခေါ်ဆိုသွားသည်ဟုသတင်းပေးပို့သူမှတဆင့် ကြားသိ ရပါသည်။ အသေးစိတ် အချက်လက် သတင်း ကိုထပ်မံ စုံစမ်း ဖော်ပြပေးသွားပါမည်။

ပြည်တွင်းစီးပွားရေး မပြေလည်မှု အလုပ်အကိုင် ရှားပါး မှုများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ကာ အလုပ် လုပ်ကိုင်နေကြရသည် မြန်မာနိုင်ငံမှ အလုပ်သမား အများအပြား ရှိပါသည်။အဆိုပါ အထဲတွင် မိန်းကလေး အများအပြားပါရှိပါသည်။မြန်မာနိုင်ငံမှ လာရောက်အလုပ် လုပ်ကိုင်လျှက်ရှိသည့် အလုပ်သမား အများအပြား မှာ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တွင် အများဆုံးဖြစ်ပါသည်။ မလေးရှားတွင် အလုပ် လာရောက် လုပ်ကိုင် နေသော နိုင်ငံခြားသား အလုပ်သမားများမှာ မကြာခဏ လုယက်ခံရခြင်း ၊ ရိုက်မှုများဖြစ်ခြင်း နှင့် အနိုင်ကျင့် ဆော်ကား ခံရ မှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။ အလုယက်ခံရသူများ မှာ မည်သို့ တိုင်ကြားရမည်ကို မသိရှိခြင်း၊ ရှက်ကြောက်ခြင်းတို့ကြောင့်၊ လူ့အခွင့်ရေးချိုးဖောက်မှု့များ ဖြစ်ပွားနေသော်လည်း မည်သည့်အမှု့မှ သေချာပေါ်ပေါက်ခြင်းမရှိပဲ ရှိနေပါသည်။

0 comments:

Post a Comment