Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ကိုညီညီအောင်၏ သတင်းကို MRTV တွင် ထုတ်ပြန်ကြေငြာသွား

ရွှေဝါရောင်သတင်းလွှာ / မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းနှင့် ပါတ်သက်ပြီး ယနေ့ည ၈နာရီ MRTV သတင်းတွင် ထုတ်ပြန် ကြေငြာသွားသည်။

MRTV ၏ ထုတ်ပြန်ကြေငြာချက်တွင် ကိုညီညီအောင်သည် ၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံမှ မထွက်ခွာမီ မြန်မာ ကျောင်းသားများ ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့ကြောင်း စွပ်စွဲသွားခဲ့သည်။ ထို့အတူ သူသည် ထိုင်းနိုင်ငံက မထွက်ခွာခင်က ABSDF အဖွဲ့ဝင်တယောက် ဖြစ်ခဲ့သည်အပြင် ရခိုင်ကျောင်းသား လူငယ်များ ကွန်ဂရက်၏ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ မထွက်ခွာမှီ ၁၉၉၃ ခုနှစ်က ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်တနှစ် ကျခံခဲ့ရဘူးကြောင်း ကြေငြာသွားခဲ့ပါသည်။ ထို့နောက် ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။

MRTV ထပ်မံကြေငြာသော စွပ်စွဲချက်များတွင် ကိုညီညီအောင်သည် FDB ခေါ် Forum for Democracy in Burmaနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွ အုပ်စုဖြစ်သော 88 Generation Students အဖွဲ့ကို ကျပ်ငွေ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ ထို့အပြင် ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံသို့ ၈ကြိမ်တိုင် ပြန်လာခဲ့ဘူးကြောင်း ပြောဆိုခဲ့သလို သူသည် NLD ၏ အချို့ လှုပ်ရှားမှုများတွင် ပါဝင် ပါတ်သက်ခဲ့ကြောင်းနှင့် စစ်အုပ်စုကို ဆန့်ကျင်သော သံဃာတော်များ၏ လှုပ်ရှားမှု များတွင်လည်း ပါဝင် ပါတ်သက်ခဲ့ကြောင်း စွပ်စွဲသွားခဲ့ပါသည်။

ထို့အတူ ကိုညီညီအောင်သည် သူအဖမ်းခံရပြီး ရက်အတန်ကြာမှ စက်မှုဇုံများတွင် ပေါက်ကွဲခဲ့သော လူအသေအပျောက် မရှိခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပါတ်သက်ကြောင်းကိုလဲ SPDC ၏ ရုပ်မြင်သံကြားဌာန ဖြစ်သော MRTV က စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။

ထူးခြားချက်တခု အနေဖြင့် Saffron Mail Letter မှ ဘလော့ဖတ်သူများကို သုံးသပ်တင်ပြလိုသည်မှာ MRTVမှ စွပ်စွဲသွားသော အဖွဲ့များမှာ နအဖက အမျိုးမျိုးစွပ်စွဲခဲ့သော်လည်း မည့်သည့် အချိန်ကမှ ဖေါက်ခွဲရေး ကိစ္စများတွင် ပါဝင် ပါတ်သက်ဘူးသည့် အထောက်အထား ခိုင်လုံစွာ မရှိခဲ့ခြင်းပင်ဖြစ်ပါသည်။

FDB ခေါ် Forum for Democracy in Burma သည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်သလို၊ 88 Generation Students အဖွဲ့သည်လည်း ငြိမ်းချမ်းစွာ အကြမ်းမဖက်သော နည်းလမ်းဖြင့် လှုပ်ရှား ဆောင်ရွက်သော အဖွဲ့ပင် ဖြစ်ပါသည်။ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ အကြမ်းမဖက် ငြိမ်းချမ်းစွာ တောင်းဆို လှုပ်ရှားမှုများသည် ထင်ရှားသော သက်သေပင်ဖြစ်ပါသည်။ ထို့ အတူ NLD ၏ လှုပ်ရှားမှုများနှင့် သံဃာတော်များ၏ ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုမှုများကို အကျယ်ချဲ့ရေးရန် မလိုတော့ပါ။ NLD၏ တောက်လျှောက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုများနှင့် ၂၀၀၇ သံဃာတော်များ၏ အကြမ်းမဖက်သော ရွှေဝါရောင်တော်လှန်ရေးက ကမ္ဘာသိ သက်သေပင်ဖြစ်သည်။ ကိုညီညီအောင်၏ မိခင်နှင့် ညီမဖြစ်သူသည် စစ်အာဏာရှင်များ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံစားနေရသည့် အချက်ကိုမူ MRTV မှ ထုတ်ပြန် ကြေငြာခြင်း လုံးဝမပြုခဲ့ပါ။ ထို့အတူ သူတို့၏ ထုတ်ပြန်ကြေငြာချက်တွင် ထိုအချက်အပေါ် ထည့်သွင်း သုံးသပ်မှုလည်း မပါရှိခဲ့ပါ။

ထို့ကြောင့် နအဖသည် အမေရိကန်နိုင်ငံမှ ဆီနိတ်တာ ဂျင်ဝက်နှင့် ရရှိထားသော ယုံကြည်ချက်ကို မပျက် သွားစေရန်နှင့် အမေရိကန်နိုင်ငံက မြန်မာ စစ်အုပ်စုအပေါ် သူတို့၏ အကျိုးစီးပွါးများ ထိခိုက်စေသည့် စီးပွါးရေး ပိတ်ဆို့မှုအပေါ် ပြန်လည် သုံးသပ်နေမှုများကို မထိခိုက်စေရန်အတွက် သူတို့ လက်ရှိ ဖမ်းဆီးညှင်းပမ်း နှိပ်စက်ထား၍ လက်ကျိုးခဲ့ရသလို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးခံစားခဲ့ရသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမေရိကန်နိုင်ငံသားတို့ စိုးရိမ်သော အကြမ်းဖက်မှု ကိစ္စများဖြင့် စွပ်စွဲကာ ဆက်လက် ဖမ်းဆီးထားရန် ကြံစည်နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
အမှန်တကယ်မှာမူ အမေရိကန် နိုင်ငံမှာမွေး၍ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့သူ မြန်မာ စစ်အုပ်ချုပ်သူများ၏ တားမြစ်ထားသော ဥပဒေများကို ထင်ရှားစွာ ကျူးလွန်ခဲ့သူ ဖြစ်၍ တရားဝင် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ် ခံထားရသူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တော မှာမူ ဆီနိတ်တာ ဂျင်ဝက်ကြောင့် ကင်းလွတ်ခွင့် ရခဲ့ပါသည်။

သို့ရာတွင် ထင်ရှားသော မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ခဲ့သူ (သို့) နအဖတို့ အဆိုအရ ၈ ကြိမ်တိုင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင် ရောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးခံနေရသူ ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှု များကို ဆိုးရွားစွာခံစားခဲ့ရသူ (မှတ်ချက်။ ။ထိုအခြေအနေကို မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်) မိခင်နှင့် ညီမဖြစ်သူတို့ အတွက် တတ်နိုင်သမျှ အားပေးကူညီ နှစ်သိမ့်မှု ပြုပေးနေသည့် ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကိုမူ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သောကြောင့် စစ်အုပ်စု၏ အခြေအမြစ်မရှိ စွပ်စွဲချက်များကို လက်ခံ၍ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှ မပြုလုပ်လျှင် အမေရိကန်နိုင်ငံသည် ၄င်းတို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထား သူများကို မွေးဖွားရာ ဇာတိအပေါ် မူတည်၍ ခွဲခြား သတ်မှတ်မှုများပြုနေသည်ဟု ယူဆစရာ ဖြစ်နေပါသည်ဟု တင်ပြလိုက်ရပါသည်။
ရွှေဝါရောင်သတင်းလွှာ မှရယူသည်။


0 comments:

Post a Comment