Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဂျပန်နိုင်ငံတွင် ကျင်းပသောဂီတဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မြန်မာအကများနှင့်ဖျော်ဖြေ


ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းဂျူးကုမြို့နယ်ရှိ Shinjuku City Lifelong learning foundation ၏စီစဉ်မှုဖြင့် Shinjuku Bunka Center တွင် စက်တင်ဘာလ ၂၁ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ(WORLD DANCE FESTA IN SHINJUKU 2009)ခေါင်းစဉ်ဖြင့် ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပခဲ့ကြရာ ဂျပန်ရိုးရာအကများ၊ ကမ္ဘာအရပ်ရပ်မှ ရိုးရာအကများကို ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် မြန်မာ့သင်္ကြန်ယိမ်းအကနှင့် သျှမ်းရိုးရာကိန္နရီ၊ ကိန္နရာအက၊ သိုးနယားအကများဖြင့် ဝေေ၀ဆာဆာ တင်ဆက်ကပြခဲ့ပါသည်။

နိုင်ငံတကာရိုးရာအကတွင် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ တူရကီ၊ ဂိရိရှား၊ စပိန်၊ ဘရာဇီးလ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားစသည့်နိုင်ငံများမှအကများလည်း ပါဝင်ပြီး နာမည်ကြီးဂျပန်ရိုးရာများဖြစ်သော နန်းတွင်း ဖျော်ဖြေရေးအကများလည်း တင်ဆက်ခဲ့ကြသည်။ မြန်မာ့သင်္ကြန်ယိမ်းအား မြန်မာသမီးပျိုလေးနှစ်ဦးမှ တင်ဆက်ကပြပြီး သျှမ်းရိုးရာအကအလှများကို ဂျပန်ရောက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ SND-JAPAN မှ အဖွဲ့သားများက အင်နှင့်အားနှင့်သိုက်သိုက်ဝန်းဝန်း ဖျော်ဖြေခဲ့ကြပါသည်။ အဆိုပါ မြန်မာအကနှင့် သျှမ်းတိုင်းရင်းသားရိုးရာ အကကိုဖော်ထုတ်ဖျော်ဖြေခွင့်ရဖို့အတွက် ဂျပန်နိုင်ငံအခြေစိုက် မြန်မာ(NPO)အဖွဲ့အစည်းတစ်ခုဖြစ်သည့် “မေတ္တာဖောင်ဒေးရှင်း“မှ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုကျင်းပခဲ့သည့် နိုင်ငံတကာရိုးရာအကဖျော်ဖြေတင်ဆက်မှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အားပေးကြည့်ရှုကြသူများ နှစ်သက်သဘောကျခဲ့သည့်အတွက် နောင်နှစ်များတွင်လည်း နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်သွားမည်ဟု ရှင်းဂျူးကုမြို့နယ် Lifelong learning foundation အဖွဲ့မှ တာဝန်ခံတစ်ဦးကရှင်းပြပြောဆိုသည်။အဆိုပါပွဲကို လာရောက်အားပေးကြည့်ရှုကြသော ဂျပန်လူမျိုးများနှင့် တခြားနိုင်ငံခြားသားများက အရသာရှိပြီး ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သော သျှမ်းရိုးရာ အစားအစာများကို အားပါးတရ၀ယ်ယူသုံးဆောင်ခဲ့ကြသည်။

လာမည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း မေတ္တာဖောင်ဒေးရှင်း၏အကူအညီတောင်းခံမှုကြောင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့SND-JAPAN မှ OYAMAမြို့တွင် သျှမ်းရိုးရာအကများ တင်ဆက်ဖျော်ဖြေဦးမည်ဟု သိရှိရပါသည်။

ရေးသားပေးပို့သူ-
နန်းအိမွန်ချစ်၊ စိုင်းလောင်ခမ်း

0 comments:

Post a Comment