Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အစိုးရဝန်ထမ်းများ အသုံးပြုနေသည့် ဆိုင်ကယ်များကို လိမ္မော်ရောင် သတ်မှတ်လိုက်သဖြင့် သံဃာတော်များ အပေါ် နာမ်နှိမ်သည်ဟု ယူဆရာမှ သံဃာတော်များနှင့် မြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့် ပြုလိုက်ရာ ရဲ၊ စစ်တပ်၊ ထောက်လှမ်း ရေးနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများက အသုံးပြု နေကြခြင်း ဖြစ်သည်။

“ဒီအစိုးရက တော်တော်လေးကို ရိုင်းပါတယ်။ ဘုန်းကြီးတွေကို ဖင်ခွထိုင်တဲ့ပုံစံမျိုး လုပ်တာ။ လူတွေက ဘယ်လိုလုပ် ကျေနပ်မလဲဗျာ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတာ။ တခြားနည်းတွေနဲ့ ချေလို့ရတာပဲ။ ဒါနဲ့ ပတ်သက် ပြီး ရက်ကွက်ထဲမှာ လူတွေက တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်” ဟု ရန်ကုန်မြို့ တက္ကစီ ယာဉ်မောင်း တဦးက မဇ္ဈိမကို ပြောသည်။

အခြားရန်ကုန်မြို့ခံတဦးက “ကြည့်ရတာ မျက်စိထဲမှာ ကိုးရိုးကားရားဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စီးရင် ဒီလိုအရောင်ကို ရွေးဖို့က တော်တော်ခက် မှာဗျနော်။ သူတို့အနေနဲ့ ရိုးသားရင် ဒီအရောင်ကို ရွေးချယ်ဖို့ကို မလိုဘူး။ အကျိုးအကြောင်း လည်း မဆီလျော်ဘူး။ ဌာနဆိုင်ရာ အရောင် တွေလည်း မဟုတ်ဘူး။ ဒီအရပ်ထဲ၊ ဝန်းကျင်မှာ ပြောနေကြတာပေါ့။ ဒါတမင် လုပ်တယ်၊ ငရဲကြီးမယ်၊ ငရဲဂျိုးကပ်မယ် အစရှိသဖြင့် ပြောနေကြတာပေါ့ဗျာ” ဟု ပြောသည်။

ဆိုင်ကယ်များမှာ ထိုင်းနှင့် တရုတ်ဘီးများဖြစ်ပြီး လိမ္မော်ရောင် ဆေးဆိုး၍လည်းကောင်း၊ ဆေးဝါ မှုတ်၍ လည်းကောင်း အဝါရောင်တိတ်များ ကပ်၍ လည်းကောင်း စီးနေကြသည်။

သင်္ဃန်းရောင်သို့ ပြောင်းလဲသုံးစွဲခြင်းသည် ဘာသာနှင့် သာသနာကို ပေါ်ပေါ်ထင်ထင် စော်ကားခြင်းဖြစ်ပြီး ဆက်လက်၍ သုံးစွဲပါက သံဃာ၊ လူထုနှင့် အာဏာပိုင်များအကြား မကျေနပ်မှု ပိုမိုကြီးထွားလာမည်ဟု သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ ဦးပညာဝံသက မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတွေကို နာမ်နှိမ်တာတဲ့ ယတြာချေတာတဲ့။ ၂ ပါတ်ကျော်လောက်ရှိပြီ။ အခုစီးနေတာက ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရယ်၊ ရယကလည်း စီးတယ်။ အရောင်က ရွှေဝါရောင်။ အဲဒါ သူတို့က ရွှေဝါရောင်တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ် ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ ပုံစံလုပ်တာ” ဟု ဦးပညာဝံသက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာသုတ်များ ရွတ်ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော်များအား မြန်မာ့တပ်မတော်က ပစ်ခတ်၊ ရိုက်နှက်၍ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ မေတ္တာပို့ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဖမ်းဆီးထားသည်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသော နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအနေဖြင့် ယခုလို ဆိုင်ကယ်များအား သင်္ဃန်းရောင်ပြောင်းလဲ သုံးစွဲခြင်း ကိုလည်း ထပ်မံ၍ ခေါင်းရှောင်ဦးဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဆရာတော်တပါးက မိန့်ကြား သည်။

“သံဃာ့မဟာနာယကလည်းပဲ။ ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာပဲ နေတာများတယ်လေ။ သူတို့လို တာဝန်အရှိဆုံး အနေနဲ့ သာသနာတော် အတွက် အရေးအကြီးဆုံး ကိစ္စကိုတောင်မှ သူတို့အနေနဲ့ ယနေ့ထက်ထိ အသံတသံတောင် ထွက်ပေးတာမရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ဆိုင်ကယ် သင်္ဃန်းရောင် လုပ်စီးနေကြတဲ့ကိစ္စမှာ လိုက်လုပ်ပေးလိမ့်မယ်လို့ ဦးဇင်းတို့အနေနဲ့ မထင်ပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယက မဇ္ဈိမကို မိန့်ကြားသည်။

ဆိုင်ကယ် အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲဌာနသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လူကိုယ်တိုင်လာမှ ဖြေကြားမည်ဟု တုံ့ပြန်ပြောဆိုသည်။
မဇ္ဈိမ မှရယူသည်။

0 comments:

Post a Comment