Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

န်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ထွက်ပြေး လွတ်မြောက်သွားပြီ

လာဘ်စားမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ထွက်ပြေး လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ကြားသိရသည်။

စက်တင်ဘာ လလယ်ခန့်က ရဲမှူးကြီးဝင်းနိုင်နှင့် မြို့နယ်မှူး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့၍ ရန်ကုန်တိုင်း အထူးစစ်ဆင်ရေး ကွပ်ကဲရေးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လှည့်လည်သွားလာ

နေတတ်သည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)

“ရဲမှူးကြီး ဝင်းနိုင်ကို လာဘ်စားမှုနဲ့ ရာထူးကနေရပ်စဲထားတဲ့အချိန်မှာ ထွက်ပြေးသွားတာ။ သူထွက်ပြေး သွားတော့မှ အရင်ထက်ပိုကြီးတဲ့ အမှုတွေ ထပ်တွေ့တဲ့အချိန်မှာ သူက မရှိတော့ဘူး” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ဆိုသည်။


ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု သူက သုံးသပ်သည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်းဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

အတည်မပြုနိုင်သော သတင်းရပ်ကွက်၏ အဆိုအရ ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ်မြောက် သွား သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကိုပါ ထိန်းသိမ်းစစ်ဆေးနေကြောင်း ကြားသိရသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာအိုကေ ဆိုင်တဆိုင်ကို ရန်ကုန်တိုင်း အထူးသတင်း တပ်ဖွဲ့ (SB) က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေနပ်သဖြင့် အချင်းများကြပြီး တခြားသော ၎င်း၏ လာဘ်စားမှုများပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟု သိရသည်။

“ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တဲ့ ဆိုင်တွေကအများကြီးပဲ။ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေပိုင်တယ်။ ပြီးတော့ တခြား ဥပဒေနဲ့မညီတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ပုံမှန် ဆက်ကြေးသဘောမျိုးကောက်တယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ဝန်းကျင်က ရဲမှူးကြီးဝင်းနိုင်နှင့် တခြား မြို့နယ်မှူး များကို ဖမ်းဆီး ထိန်းသိမ်းခဲ့စဉ် ရန်ကုန်မြို့ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များနှင့် ရဲကို ငွေပေး၍ ဖွင့်ထားသော နှလုံးထီ၊ သုံးလုံးထီ အစရှိသည့် လောင်းကစား ဒိုင်များပိတ်ထားခဲ့ကြောင်း ကြားသိရသည်။

“ကျနော်တို့က မသိဘဲ တာမွေ၊ ရွှေဗဟို တာဝါမှာ ဖွင့်ထားတဲ့ အိုအေစစ် အနှိပ်ခန်းကို သွားမိတာ၊ ပိတ်ထားတယ်၊ ရဲတွေအများကြီး စောင့်နေတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

မကြာသေးမီကမှ ဖွင့်ထားသော ဘောက်ထော်ရှိ IQ အမည်ရှိ အနှိပ်ခန်းလည်း ထိုရက်များက ပိတ်ထားကြောင်း ၎င်းကဆိုသည်။

“အိုအေစစ် အနှိပ်ခန်းက ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တာလို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆတ်ကြေး သဘော ကျပ် ၆ သိန်းဝန်းကျင်ဆီပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ယခုအသစ်ပြောင်းလာသည့် ရန်ကုန်တိုင်း ရဲမှူးကြီးအောင်နိုင်သူမှာ ယခင် ရဲမှူးကြီးဝင်းနိုင်လက်ထက်က ဆက်ဆံထားသည့် ဥပဒေနှင့် မညီသော အလုပ်များကို ဝင်ရောက်စစ်ဆေး နှိမ်နင်းနေသောကြောင့် အဆိုပါ ဆိုင်များ ပိတ်ထားရသည်ဟုလည်း သိရသည်။

“ဒါကတော့ အရင်လူလက်ထက်က လုပ်ခဲ့သမျှတွေကို နောက်လူက လိုက်ရှင်းတာ ထုံးစံပဲ” ဟု ရန်ကုန် စီးပွားရေးလောကသား တဦးက ဆိုသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1898:2009-09-29-12-05-08&catid=1:news&Itemid=2 မှရယူသည်။

0 comments:

Post a Comment