Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

လူ့အခွင့်အရေးနှင့် ပတ်သတ်ပြီး လိမ်လည်လှည့်ဖျားနေသော စစ်အစိုးရ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ၁၉၄၈ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုပြဌာန်းခဲ့ပါသည်။ ထိုကြေငြာစာတမ်းကို မြန်မာနိုင်ငံမှ ထောက်ခံခဲ့ပြီး လေးစားလိုက်နာရန်တာဝန်ရှိပါသည်။

ယခုဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုထားခြင်းနှင့်ပက်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် (၉) အပိုဒ် (၁၀) အပိုဒ်(၁၁) (က)(ခ) ပါ အချက်အလက်များကို မြန်မာစစ်အစိုးရမှ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ချိုးဖောက်လိုက်ခြင်းဖြစ်ပါသည်။

အပိုဒ်(၉)မည်သူ့ကိုမှတရားလက်လွတ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ထိမ်းသိမ်းချုပ်နှောင်ထားခြင်း၊ သို့မဟုတ် တိုင်းပြည်မှနှင်ထုတ်ခြင်းမပြုလုပ်ရ (ရှင်းလင်းချက်) မည်သူ့ကိုမှမတရား ဖမ်းဆီးခြင်းတိုင်းပြည်မှ နှင်ထုတ်ခြင်းမပြုရ။

အပိုဒ်(၁၀)လူတစ်ယောက်၏အခွင့်အရေးနှင့် တာဝန်ဝတ္တရားများနှင့် ပက်သက်၍ လည်းကောင်း စွဲချက်တင်လာသော ပြစ်မူများနှင့်သော်လည်းကောင်း အဆုံးအဖြတ်ခံယူရာတွင် လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားစီရင်မူရုံးတော်တွင် လူအများတက်ရောက်ကြားနာနိုင်သော စစ်ဆေးမူမျိုးကို တူညီစွာခံစားပိုင်ခွင့်ရှိသည်။

(ရှင်းလင်းချက်)လူတိုင်းတရားမျှတ၍ လူအများကြားနာနိုင်သော တရားစီရင်မူကိုတူညီစွာခံစားပိုင်ခွင့်ရှိသည်။

အပိုဒ်(၁၁)(က) တရားဥပဒေချိုးဖောက်သည့်အမူဖြင့်တရားစွဲဆိုခြင်းခံရသူတိုင်းသည် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန် လိုအပ်သောဆောင်ရွက်စရာများကိုဆောင်ရွက်နိုင်ခွင့်အပြည့်အ၀ရရှိပြီး လူအများရှေ့တွင် ဥပဒေအတိုင်း စစ်ဆေး၍ အပြစ်ကျုးလွန်သည်ဟု ထင်ရှားပြီး စီရင်ချက် အတိအကျမချမချင်း ထိုလူတွင် အပြစ်မရှိဟုခံယူပိုင်ခွင့်ရှိသည်။

အပိုဒ်(၁၁)(ခ)တစ်စုံတစ်ယောက်၏လုပ်ဆောင်ခဲ့သော အပြုအမူနှင့်စပ်လျဉ်း၍ ထိုအပြု အမူပြုလုပ်ခဲ့စဉ် အချိန်အခါက ထုတ်ပြန်ထားသော နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာ ဆိုင်ရာ ဥပဒေအရ ငြိစွန်းသော ပြစ်မူတစ်ခုအဖြစ်ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ခဲ့လျှင် ထိုသူအား အဆိုပါအပြုအမူအတွက် အပြစ်ရှိသည်ဟု မယူဆနိုင်။ ထို့အတူ ကျုးလွန်သောပြစ်မူအတွက် ပြစ်မူကျုးလွန်စဉ်အခါက ထိုက်သင့်သေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ် ပေးခြင်းမရှိစေရ။

(ရှင်းလင်းချက်)လူတစ်ယောက်အပေါ် အပြစ်ရှိသည်ဟု ခိုင်လုံသောစီရင်ချက်မချမချင်း ထိုသူသည် အပြစ်မရှိဟုယူဆရမည်။

အထက်အပိုဒ် (၉) အရ ဒေါ်အောင်ဆန်းစုကြည်အား တရားလက်လွတ်အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်း ချုပ်နှောင်ထားသည်။ အခြားသောနိင်ငံရေးအကျဉ်းသားများလဲအပါအ၀င်ဖြစ်သည်။

အထက်အပိုဒ်(၁၀)အရ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်မူတွင်လွတ်လပ်၍ဘက်မလိုက်သော လူအများကြားနာနိုင်သည့်တရားစီရင်မူ အခွင့်အရေးမရရှိပါ။ အခြားသောနိုင်ငံရေး အကျဉ်းသားများလည်း အပါအ၀င်ဖြစ်သည်။

အထက်အပိုဒ်(၁၁)(က)အရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်ခုခံချေပပိုင်ခွင့်အပြည့်အ၀မရရှိခဲ့ပါ။ တင်သွင်းသောသက်သေများပယ်ချခံရပါသည်။ ရှေ့နေနှင့်တိုင်ပင်ရန်လုံလောက်သောအချိန်အခွင့်မရခဲ့ပါ။ အာမခံလဲမရခဲ့ပါ။

အထက်အပိုဒ်(၁၁)(ခ) အရ ဒေါ်အောင်ဆန်းစုကြည်အားတရားစီရင်နေသောအဖွဲ့အစည်းမှာ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားသော တရားရေးအဖွဲ့အစည်းမဖြစ်ပဲ စွဲဆိုသောအမူမှာ ၁၉၇၄ အခြေခံဥပဒေ မှပုဒ်မဖြင့် မတရားအမူစီရင်ခံနေရခြင်း ထိုမတရားစီရင်မူအဖွဲ့မှ မတရားသောအမိန့်ကို ချမှတ်ရန်ကြိုးစားအားထုတ်နေခြင်းကို မြန်မာပြည်တွင်းပြည်ပ မှ မြန်မာနိုင်ငံသားတိုင်း ၀ိုင်းဝန်းကာကွယ်နိုင်ရန် ကန့်ကွက်နိုင်ရန် တင်ပြအပ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာစစ်အစိုးရသည် ဥပဒေကိုလိုရာစွဲသုံးလက်တစ်လုံးခြားလုပ်ရပ်များဖြင့် နိုင်ငံတကာနှင့်ကုလသမဂ္ဂအဖွဲ့ကြီးကိုပါ အထူးသဖြင့် မြန်မာနိုင်ငံတော်သူ/နိုင်ငံသားများကို လိမ်လည် လှည့်ဖျားလျက် ရှိနေပါကြောင်းတင်ပြလိုက်ရပါသည်။
http://www.lovelamp88.co.cc/2009/07/blog-post_29.html မှ ရ ယူပါသည်။

0 comments:

Post a Comment