Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဇူလိုင်လ ၃၁ရက် ဂျပန်ရောက်မြန်မာများ ဆန္ဒပြပွဲမှတ်တမ်း

၂၀၀၉ ဇူလိုင်လ ၃၁ရက်နေ့လည် ၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စီရင်ချက်ချမည့် ကိစ္စအတွက် ဤမတရားမှုကို ကန့်ကွက်ကြောင်း ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ စုစုပေါင်းအင်အား ၂၅၀ ခန့်တက် ရောက်ခဲ့ကြပြီး၊ ညနေ ၄နာရီတွင် ဆန္ဒပြပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံမှ ခေတ္တရောက်ရှိနေသူ

ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF) မှ ` ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီလှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊ စစ်တပ်တွင်းမတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊ ၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊ အပစ်အခပ်ရပ်စဲရေး) တို့ကိုထောက်ပြ ဝေဖန်ခဲ့ပါသည်။

အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမိုးသီးဇွန်မှလည်း `၈၈` မှ ယနေ့ထိ ၂၁နှစ် တိုင် အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မှ အပြုသဘောကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏ လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သော နှစ်များထက် ဒီမိုကရေစီ အင်အားစုများ တိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း ပြောကြားခဲ့ပါသည်။

အလားတူ အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏လုပ်ရပ်များကို ဝေဖန်ပြောကြားပေးခဲ့သည်။

ဓါတ်ပုံ ။ ကိုသန်းဝင်း၊ သတင်းအချက်အလက်များကို ကိုစိုးအောင်ဝင်း ထံမှ ရယူပါသည်။

ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကို ဩဂုတ်လ ၈ ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ GOTANDA မြို့နယ် ပန်းခြံ တွင် စုဝေး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည် ရပါသည်။

0 comments:

Post a Comment