Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

စစ်ဗိုလ်ချုပ်အချို့ ယူနီဖောင်းချွတ်မှု ပြည်သူများ စိတ်မ၀င်စား

The new era journal | မြန်မာ နအဖစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ၀န်ကြီး (၂၂) ဦးတို့သည် ယမန်နေ့ညနေပိုင်းတွင် ၎င်းတို့၏ စစ်ရာထူးများမှ အနားယူလိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ရာထူးများမှ အနားယူလိုက်ခြင်းသည် ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမတိုင်ခင် အရပ်ဝတ် ခေါင်းဆောင်မှုပိုင်းသို့ ပြောင်းလဲလိုက်သည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိတဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယခုလောလောဆယ် ၀န်ကြီးနှင့်ဒု-၀န်ကြီး (၂၃) ဦးခန့် စစ်တပ်မှ စစ်ယူနီဖောင်းချွတ်ကာ သာမန်အရပ်သားအဖြစ် ကူးပြောင်းလိုက်ကြသော်လည်း ၎င်းတို့၏ အလုပ်တာဝန်များမှာမူ မူလရာထူးများအတိုင်း ဆက်လက်ရှိမည်ဖြစ်ကြောင်း၊ နောက်ထပ် အရပ်ဘက်သို့ ကူးပြောင်းမည့်သူများ ရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။
စစ်တပ်မှ အနားယူကြသူများထဲတွင် ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်မှူးချုပ်ဘုန်းဆွေတို့လည်း ပါဝင်ကြောင်း၊ ယခုအသုတ်သည် ပထမဆုံးအသုတ်ဖြစ်ပြီး နောက်ထပ် စစ်ဘက်မှ အရပ်ဘက်ပြောင်းသူများ ဆက်လက် ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း အဆိုပါ အစိုးရအရာရှိက ပြောကြားသည်။ စစ်အစိုးရကမူ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယင်းသို့ စစ်ဗိုလ်ချုပ်များ စစ်ဘက်ရာထူးမှနုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းသည့်သတင်းကို ပြည်သူများက စိတ်မ၀င်စားကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဗဟန်းမြို့နယ်တွင် နေထိုင်သူ စီးပွားရေးသမားတဦးက “သူတို့ဟာ သူတို့ အရပ်ဝတ်ပဲ ပြောင်းပြောင်း၊ ဘုန်းကြီးဝတ်ပဲ ပြောင်းပြောင်း ကျနော်တို့ အလုပ်မဟုတ်ဘူး။ စားဝတ်နေရေး ဘယ်လို အဆင်ပြေမလဲဆိုတာကို တွေးနေရတော့ ဘယ်သူက ဘာပြောင်းပြောင်း ကျနော်တို့ စိတ်မ၀င်စားနိုင်ဘူး” ဟု ပြောသည်။

ယခု အရပ်ဝတ်လဲသူများအနက် ရန်ကုန်မြို့တော်ဝန်လည်းပါဝင်ကြောင်း သတင်းထွက်နေသည့်အတွက် ရန်ကုန်စည်ပင် အငြိမ်းစားအရာထမ်းတဦးက “မြို့တော်ဝန်က အရပ်ဘက်ပြောင်းနေတာ အရင်ကပဲ ပြောင်းနေတာပဲ။ သူလုပ်နေတဲ့ အလုပ်တွေက မြို့တော်စည်ပင်ဆိုတာထက် ကြံ့ဖွံ့ကိုပဲ လုပ်နေတာ။ လွန်ခဲ့တဲ့ (၃) နှစ်လောက်ကပဲ လူတိုင်း သတိပြုမိပြီးသား။ ကျနော်တို့အနေနဲ့ သူ အရပ်ဘက်ပြောင်းတာကို ဘယ်လိုမှ မခံစားရဘူး၊ မြို့တော်ဝန်နေရာကို ဘယ်သူ လာမလဲလည်း စိတ် မ၀င်စားဘူး။ ဘယ်သူ လာလာ စားဖားပဲ လာမှာပဲ” ဟု ပြောသည်။

ယခုနှစ်နှောင်းပိုင်း၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိစေရန် ဥပဒေများ ထုတ်ပြန်ကန့်သတ်ထားသဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ပြစ်တင်ဝေဖန်နေကြသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပစ်ရမည်ဟု ရွေးကောက်ပွဲဥပဒေများအရ ပြဋ္ဌာန်းထားသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် ဆက်လက်မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့သည်။

0 comments:

Post a Comment