Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

သန်လျင် ကျောက်တန်း ဒေသမှ ၀ါးပင်များ အပွင့်ပွင့်နေ

သန်လျင် ကျောက်တန်း ဒေသရှိ ၀ါးရုံ တော်တော် များများတွင် ၀ါးပွင့် များ ပွင့် နေကြောင်း ဒေသခံများ ထံမှ သိရှိ ရသည်။ ၀ါးပင် တို့၏ habit အရ အနှစ် နှစ်ဆယ် သုံးဆယ်တွင်မှ တခါ အပွင့်ပွင့် တတ်ကြသည်။ ၄င်း ၀ါးပင်များ အပွင့် ပွင့်လျှင် တိုင်းပြည်တွင် ကြီးမားသော အပြောင်းအလဲများ ( သို့ ) ခေတ်ပျက်ခြင်း ကြုံရလေ့ ရှိကြောင်း မြန်မာ လူမျိုးများက ယုံကြည်ကြသည်။ သန်လျင် ကျောက်တန်း ဒေသတွင် အနှစ် နှစ်ဆယ်ကျော် အတွင်း ယခု တခေါက် ၀ါးပွင့်ခြင်းသည် သုံးကြိမ် မြောက် ဖြစ်ကြောင်း ရှေ့မှီ နောက်မှီ လူကြီးများ၏ ပြောကြားချက် အရ သိရှိရသည်။

ပထမ အကြိမ် ၀ါးပွင့်ခြင်းကို ၁၉၈၈ ခုနှစ် နွေရာသီတွင် ကြုံတွေ့ ကြရကြောင်း ၄င်းဝါးပွင့်ပြီး မကြာမီတွင် ၁၉၈၈ အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ကြောင်း။ မကြာသေး အချိန် ၂၀၀၇ ခုနှစ် ကလဲ ဒုတိယ အကြိမ် ၀ါးများပွင့်ကြောင်း၊ ၀ါးပွင့်ပြီး သိပ်မကြာခင်တွင် ရွှေဝါရောင် တော်လှန်ရေးကြီး ဖြစ်ပေါ် ခဲ့ကြောင်းနှင့် ယခု အကြိမ် ၀ါးများ အပွင့်ပွင့်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်းနှင့်  ၂၀၀၇ ခုနှစ်က ဒုတိယ အကြိမ်နှင့် သိပ်ကွာခြားမှု မရှိ၍ အလွန် အံ့သြဖွယ် ကောင်းကြောင်း၊ ၀ါးပင်တို့ မည်သည် တစ်ခါ အပွင့် ပွင့်ပြီး ပါက တစ်ရုံလုံး သေသွား တတ်ပြီး အပင်သစ်များ ထပ်မံ ပေါက်လာကြောင်း တခါ အပွင့် ပွင့်ပြီး နှစ်ပေါင်း အတော်ကြာမှသာ ထပ်ပွင့်လေ့ ရှိကြောင်း၊ ယခုလို နှစ်နှစ် သုံးနှစ် အတွင်း ပြန်ပွင့်ခြင်းမှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ်သောကြောင့် နိုင်ငံတော် အတွင်း အပြောင်းအလဲ ကြီးကြီး မားမား တခု ကြုံလာနိုင်ကြောင်း ပြည်သူ အများက ယုံကြည် နေကြသည်။

1 comments:

မန်းကိုကို said...

သူများမကြားလိုတာများ လာပြောသလိုဖြစ်နေမလားပဲ၊ ၂၀၀၇ နှစ်ကုန်လောက်မှာတော့ တွေ့ခဲ့ဖူးတယ်ဗျ။
ယိုးဒယားဘက်အခြမ်းက နယ်စပ်ဘက်မှာ ခရီးမရှည့်တရှည် တစ်ခုသွားရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတွေ့မိတာက တစ်တောတစ်တောင်လုံး ဝါးတွေအပွင့်ပွင့်နေတာပါပဲ။ ယိုးဒယားပြည် ဘာမှတော့ မထူးခဲ့ပါဘူး။

နောက်တစ်ခုကတော့ မြန်မာပြည် မဂ္ဂဇင်းတွေထဲ ပါတတ်တဲ့ နာနတ်သီးထိပ်မှာ ပင်ပွားတွေ အများကြီးပွားထွက်နေတာမျိုးပါ။ လာဟ်လာဘကောင်းတယ် ဘာညာဆိုပြီး အထူးအဆန်းလုပ်ကြတာပေါ့။ မလေးရှားမှာတော့ ကုန်တိုက်တွေမှာ တရုတ်တွေ အဲဒါမျိုးရောင်းနေကြတာ အများကြီးပဲဗျ။ သဘာဝတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။ (နာနတ်ခြံကြီးတွေရှိတဲ့ ဖိလစ်ပိုင်ကိုတော့ မရောက်ဖူးလို့ မသိပါ။)

ဒီတော့ ဝါးအပွင့်ပွင့်တာ မဆိုင်ဘူးလို့ မပြောလိုပေမယ့် ဖြစ်တတ်တာတွေကို မျှော်လင့်ချက်တကြီး ဖြစ်မနေမိကြဖို့ လိုပါတယ်။ ဖြစ်စေချင်တာကို ကိုယ်တိုင်လုပ်ရင်တော့ ဖြစ်ဖို့ပိုနီးစပ်ပါတယ်။

4 May 2010 at 06:15

Post a Comment