Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အဖျက်သမား ဘယ်သူလဲ | စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)

သင်္ကြန်အကြတ်နေ့ ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစားမ ဏ္ဍပ်အနီးတွင် ဗုံးသုံးလုံးဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ၉ဦးသေဆုံးခဲ့ပြီး၊ ၁၇၀ကျော်ဒဏ်ရာရရှိခဲ့သည်။ အပြစ်မဲ့ပြည်သူများထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရမီဒီယာများကတော့အဖျက်သမားတွေ ဖော်တာဖြစ် သည်ဟုကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူက တော့အဖျက်သမားသာဖြစ်သည်။ သို့ သော်အဖျက်သမား ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။အဖျက်သမားဘယ်သူလဲ။ ဗုံးဖောက် တဲ့အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ်မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များ မကြာခဏဆိုသ လိုရှိခဲ့သည်။ သွားလေသူ န-အ-ဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦးဧ။်သမီး ပင်လျှင် အိမ်ထဲတွင်ဗုံးပေါက်ပြီးသေခဲ့သည်။ ဗိုလ်ချုပ်တင်ဦးကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ်ပျက်ကျတာမဟုတ်ပဲ ဗုံးပေါက်ပြီးကွယ်လွန်ခဲ့သလိုလိုသတင်းများ ထွက်ပေါ်ခဲ့သည်။ထိုသို့ သတင်းထွက်စရာအကြောင်းကလည်းရှိခဲ့သည်။ ကမ္ဘာ အေး စွယ်တော်ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦးလက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံးပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံဖြစ်သွားခဲ့ ရသည်။

မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်းစစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံဖော်ထုတ်လေ့ရှိသည်။ ပြည်ပြေးးဘယ်အုပ်စုကဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့တွဲပြီး ငဖြူကိုသင်တန်းပေးကာ ငဖြူက ငကြောင် ၊ငကျားစသူတို့နှင့်ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်းစသဖြင့်၎င်းတို့ မျက်စေ့ရှေ့  မှောက်တွင်လုပ်ဆောင်ခဲ့သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့ သော်တရားခံ ကိုကား တခါမျှ မမိခဲ့ဖူးပေ။

ဗိုလ်ချုပ်ကြီးတင်ဦးကိုလုပ်ကြံခဲ့သူမည်သူပါနည်း။ ယခုထိတရားခံမပေါ် သေး။ ထို့ ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ရိပ်သာအနီးဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီးယခုထိတရားခံမပေါ် သေး။ သတင်းစာရှင်းလင်းပွဲများတွင် အလွန်တိကျစွာ တရားခံဖော်ထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ ဝင်များ၊ ဆိုခဲ့ပါ အမူများကိုတရားခံပေါ် အောင်ဘာကြောင့် မဖော်ထုတ်နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံးမေးခွန်းနောက်တစ် ခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ဆွေမျိုးမိတ်သင်္ဂဟများ နေထိုင် သောအင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့်ပြုထားခဲ့ရာမှ ယခုနှစ်တွင်ကျင်းပခွင့်မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကို ကန်တော်ကြီးစောင်းသို့  ရွှေ့ခဲ့တာ အဘယ်သို့ သောအကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ဦးသေ၊ ၁၇၀ ကျော်ဒဏ်ရာရခဲ့ပြီ။ ထို သို့ အပြစ်မဲ့သောပြည်သူများ အပေါ်ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ်ဖြစ်ရပ်များကို ပြန်လည်သုံးသပ်ကြည့်ပါအုံးမည်။ မဝေးလှသောအတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူရာထောင်ချီ၍သေဆုံးခဲ့သော တိုက်ခိုက်မှုကြီး၊ ထိုတိုက် ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရဖြစ်ကြောင်းတကမ္ဘာလုံးက သတ်မှတ် ထားသည်။ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့ သော ကျေးလက်တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။၂၀၀၇- စက်တင်ဘာ ရွှေဝါရောက်မေတ္တာပို့သမှုကြီးကိုမြို့ လည်ခေါင် တွင်ရက်ရက်စက်စက်ဖြို ခွဲခဲ့သူ၊ ရဟန်းရှင်လူ ရာထောင်ချီ၍သတ် ဖြတ်ခဲ့သူမှာ န-အ-ဖပင်ဖြစ်သည်။

ထို့ သို့ လူသတ်မှုများသာမက ပြန်ပေးဆွဲ ပြီးလူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်းသေဆုံးခဲ့ မှု၊ အိမ်မဲမြို့ က ကရင်အမျိုးသားကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေ ပြလျက်ရှိသည်။

ဖော်ပြခဲ့သော အကြောင်းအရာများ ကိုထောက်ချင့်ကြည့်သော်၊ မင်္ဂလာအခါ တော်မြန်မာ့နှစ်ကူး အခါသမယမှာ ပြည်သူတွေ သေကြေထိခိုက်ထိတ်လန့် အောင် တိုက်ခိုက်ခဲ့သည့်အကြမ်းဖက်အဖျက်သမားမှာ မည်သူမည်ဝါ ဖြစ်နိုင်သည်ကို ခန့် မှန်းနိုင်လောက်ပါပြီ။

ပြည်သူတွေပြောနေသောစကားနှင့်ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာရှိတော့သည်။

စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)

1 comments:

မန်းကိုကို said...

ကြားခဲ့ဖူးတာတော့ မော်လမြိုင်ကနေ ဖားအံအလာ ဗိုလ်ချုပ်တင်ဦးတို့စီးတဲ့ ရဟတ်ယာဉ်ကို တပ်ပြောင်းဆိုပြီး လက်နက်အပြည့်နဲ့ တပ်သားနှစ်ယောက် ပါလာတယ်။ ဘားအံမရောက်ခင် အဲဒီနှစ်ယောက်ကထပြီး သေနတ်နဲ့ ပစ်ပါတယ်။ ဗိုလ်ချုပ်တင်ဦးနဲ့ ရဟတ်ယာဉ်မောင်းတို့ အရင်ထိပြီး ပါလာတဲ့ ရဲမှူး(ရဲချုပ်) နဲ့ အခြားသက်တော်စောင့်တွေကလည်း ပြန်အပစ်မှာ လုပ်ကြံသူတစ်ယောက် လက်ပစ်ဗုံးပစ်ခါနီးထိသွားပါတယ်။ အဲဒီမှာတင် လက်ပစ်ဗုံးပေါက်၊ ရဟတ်ယာဉ် မထိန်းနိုင်ပဲအကျမှာ ကံကောင်းထောက်မပြီး ရေထဲကျလို့ တချို့မသေပဲကျန်ပါတယ်။ ပျက်ကျတဲ့နေရာနား (ထ္မင်းဆုပ်ရေလယ်တောင်နား) မှာ ဖားအံက တာဝန်ရှိသူတွေ နှစ်ပတ်မက တဲတွေထိုး၊ အလောင်းရှာခဲ့ပြီး အရပ်သားတွေ လုံးဝမကပ်ရပါဘူး။ ဆယ်လာတဲ့ အလောင်းတွေ သေနတ်ပေါက်ရာတွေနဲ့ ဖြစ်နေတာကို ဘားအံဆေးရုံတာဝန်ကျသူတွေကို ငါးပူတင်းကိုက်တာလို့ ပြောခိုင်းတယ်လို့ မှတ်မိတာလေး လက်ဆင့်ကမ်းလိုက်ပါတယ်။ (အချင်းချင်းလုပ်မှန်း လူတိုင်းသိပြီး ဗိုလ်ချုပ်တစ်ယောက်သေတာ ဘယ်သူမှ မလွမ်းလောက်တာမို့ စွဲစွဲလန်းလန်းမရှိပဲ အတိအကျမမှတ်ထားခဲ့မိဘူး။ မကြားဖူးသူများကို နည်းနည်းအသိပေးနိုင်တဲ့ အနေအထားလောက်ပဲ ရှိပါတယ်။)

24 April 2010 at 05:11

Post a Comment