Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်

တိုင်းနဲ့ ပြည်နယ် လူငယ် အစည်းအဝေးမှ ဆုံးဖြတ်ချက် ၆ ချက်

၁။ မှတ်ပုံ မတင်ရန်၊
၂။ ရွှေဂုံတိုင် ကြေငြာချက် အတိုင်းသွားရန်၊
၃။ အန်တီရဲ့ လမ်းညွန်ချက်နဲ့ မူအတိုင်း သွားရန်၊
၎။ ၃/၁၀ ကြေငြာချက် အတိုင်း အန်တီ အပါအ၀င် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များကို တွေ့ဆုံပြီး စည်းဝေး ပြုလုပ်ပေးပြီး၊ ရရှိလာသော ဆုံဖြတ်ချက် အတိုင်း အကောင်အထည် ဖော်ရန်၊
၅။ လူငယ် ကိုယ်စားပြု ၅ဦး ကို CC ထဲမှာ ပါဝင် ဆောင်ရွက်ရန်၊
၆။ လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် အစား ဒုဥက္ကဌ ဦးတင်းဦးမှ လူငယ်ထုကို ကြီးကြပ်ပေးရန် ဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

စာအမှတ် ။ ။ ၄/၂၀၁၀(မဃတ+၈၈+ဗကသ)
ရက်စွဲ။ ။ မတ်လ ၂၆ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းကို
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဆန့်ကျင်ကြ

(၁) ယခုလာမည့် မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများ အောက်တွင် ပါတီမှတ်ပုံ တင်ရေး မတင်ရေးကို ဆုံးဖြတ် ကြတော့မည် ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီတရပ် အနေဖြင့် မိမိတို့ ပါတီတွင်း ကိစ္စကို မိမိတို့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင် သည်သာ ဖြစ်ပါသည်။

သို့သော် မြန်မာ နိုင်ငံ၏ နိုင်ငံရေး အခြေအနေတွင် ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးနှင့် အတူ ပေါ်ပေါက်လာ ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုသည်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ သက်သက်နှင့်သာ သက်ဆိုင်သည့် ပါတီ မဟုတ်ဘဲ၊ မိမိတို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အပြင် ပြည်သူလူထုကြီးတရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြည်သူ့ပါတီဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကောင်းကျိုး ဆိုးကျိုး အားလုံးကို ပြည်သူ တရပ်လုံးကပါ အတူ ခံစားကြရမည် ဖြစ်ပါသည်။

(၂) ထို့ကြောင့် ယနေ့ အချိန်တွင် နအဖ စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မည်သို့ သဘောထား၍ မည်သို့ ရင်ဆိုင် ဖြတ်သန်းမလဲ ဆိုသော ကိစ္စသည် မြန်မာ ပြည်သူ လူထု တရပ်လုံး တာဝန် ရှိရှိ ၀ိုင်းဝန်း စဉ်းစား၍ တာဝန် ရှိရှိ သဘောထား ပေးကြရမည့် အချိန် ဖြစ်နေပါသည်။

(၃) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ အထွေထွေ အတွင်းရေးမှူး လည်းဖြစ်၊ မိမိတို့၏ လူထု ခေါင်းဆောင်လည်း ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ယခု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသည့် သဘောထား များကို အောက်ပါ အတိုင်း ပေးခဲ့ပြီး ဖြစ်ပါသည်။

မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့် အစီအစဉ်တွင်

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံး အတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီ ညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူ လူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှု တွေကို ကျြော်ဖတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ် ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။” ဟူ၍လည်းကောင်း၊

မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်၊ ဗွီအိုအေ အသံလွှင့်အစီအစဉ်တွင်

စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနေနဲ့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့ အကြောင်း ကန့်ကွက်လိုက်ပါတယ်။ ဟူ၍လည်းကောင်း ရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တကွ မြန်မာ ပြည်သူ လူထုကြီး တရပ်လုံးသို့ သူ၏ သဘောထားကို ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

(၄) လူထုက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဖြင့် ပြည်သူ့ ကိုယ်စားလှယ် (mandate) ပေးထားသော ပါတီ ဖြစ်သည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေး အရ တရားဝင် ဖြစ်မှုသည် ပြည်သူလူထု၏ အဆုံးအဖြတ် ပေါ်တွင်သာ တည်မှီပြီး၊ နအဖ စစ်အစိုးရ အပေါ်တွင် လုံးဝ မတည်မှီပါ။ ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံ နေသရွေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ့ ပါတီ အဖြစ် ရပ်တည် နိုင်မည် ဖြစ်ပြီး၊ နအဖ စစ်အစိုးရက အသိအမှတ် ပြုလျှင် ထားရာနေ စေရာသွား နအဖ စစ်အစိုးရ ပါတီ အဖြစ်သာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။

(၅) ထို့ကြောင့် ယနေ့အချိန်ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများနှင့် အညီ

၁) ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ဆုပ်ကိုင်ပြီး

၂) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို နာခံကြောင်း လက်မှတ် ထိုးရသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို လုံးဝ ပြတ်ပြတ် သားသား ငြင်းပယ်ရန်သာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူကြားက ပေါက်ဖွား လာသည့် ပြည်သူ့ ပါတီဖြစ်သည့် အတိုင်း ပြည်သူ လူထု၏ ထောက်ခံမှုနှင့်အတူ ပြည်သူ လူထုကြားတွင် ဗမာ တပြည်လုံး ကိုယ့်ပါတီ ရုံးခန်း အဖြစ် သဘော ထားပြီး စစ်အစိုးရ ထံတွင် လုံးဝ ပါတီ မှတ်ပုံတင်ခြင်း မလုပ်ဘဲ ပြည်သူနှင့် လက်တွဲ၍ ဆက်လက် ရပ်တည် လှုပ်ရှားသွားရန် မိမိတို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့မှ အလေး အနက် တိုက်တွန်း လိုက်ပါသည်။

မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂမများ အဖွဲ့ခွဲ့ချုပ်

0 comments:

Post a Comment