Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ

ဘာတွေပဲ ပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့် ကာလ တစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိ ပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာ တွေ့မြင် ရပေတော့မည်။ နအဖ စစ်အာဏာရူး တစ်စုက သွေးခွဲ သပ်ရှို မီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်လွှား ဖြေရှင်း သွားမလား၊ နအဖ ခင်းပေးသည့် စင်းတုန်းပေါ် အသာအယာ လည်စင်း ခံမလား ဆိုတာကတော့ ကာယကံရှင် လူထု ခေါင်းဆောင်ကြီးများ၏ ဆန္ဒ သဘောသာ ဖြစ်ပါလိမ့်မည်။

၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံး ခေါင်းကြား ရွေးပွဲလို့ ပြောရင် ပိုပြီး မှန်ကန် သင့်တော်မယ်လို့ ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ် လုပ်ရပ်၊ ပြောစရာ မလို လောက်အောင်ပင် ကန်းကုန်အောင် ရက်စက် ယုတ်မာရန် ကြိုတင် ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာ မလို၊ ခေါင်းစား စရာမလို၊ သတ္တိကြောင်ဖို့ မလို၊ သတ္တိပြောင်ဖို့သာ လိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆို လုပ်ကိုင်လို့ မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ် သည်းခြေ မရှိတဲ့ ဗမာတွေ အဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံ ကြအုံး မလား၊ ရုန်းထွက် မလား ဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်း ညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ ဒီမိုကရေစီ သမိုင်း။

ထောင်ဆိုတာ သမိုင်းရဲ့ ပြတိုက် တစ်ခု၊ ထောင်ကြောက် နေလို့ မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင် သက်ဆိုး ရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသော အဖြေ။ သတ္တိကြောင်သူများ အတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ် မဟုတ်၊ ဒီမိုကရေစီသည် သတ္တိ ပြောင်သူများ အတွက်သာ ထိုက်တန်သော ဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှု အချိုးခံ၊ အနှိမ်ခံ၊ အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ် ပြောင်းလဲရန်မှာ လူထု ခေါင်းဆောင် များ၏ အရေးကြီးသော တာဝန် တစ်ခု ဖြစ်ပေသည်။

ပြည်သူတွေရဲ့ တာဝန်
NLD ပါတီ မှတ်ပုံမတင်၊ ရွေးကောက်ပွဲ မ၀င်ခဲ့လျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေး မလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူး ဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့် နှိပ်စက်တာကို လူနဲ့သူနဲ့ မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှ ပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်း လူတိုင်းဟာ ကိုယ့်နိုင်ငံ အတွက် နိုင်ငံရေး လုပ်ကြရမယ်၊ ဒီမိုကရေစီ တော်လှန်ရေး လုပ်ကြရမယ်။ နအဖ အာဏာရူးတွေ ပြောတာကို လိုက်လုပ် နေလို့ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပြီးသတ် တော်လှန်ရေး တိုက်ပွဲ ဆင်နွဲ ကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲ ပါတော့မယ်။ဒါကိုအထူးသတိပြုကြပါ။ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေးမအင်အားစုများအားလုံး ယခုအချိန်ကစလို့ မြန်မာပြည် စစ်ကျွန် အောက်ကလွတ်မြောက်ရေး အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်း ပါဝင် ဆင်နွဲကြဖို့ အချိန်ကြရောက် နေပါပြီ။

နအဖ ဆိုတာ
နွားအဖွဲ့၊ လူစိတ် သူစိတ် မရှိသူများ စုဝေးထားသည့် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့၊ ပြည်သူလူထုကို ထင်းတိုင်းကြဲ နှိပ်စက်နေသည့် လိုင်စင်ရ အကြမ်းဖက် အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင် လူပြည်သူ တစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာ အပ်နှင်း ခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင် လမ်းပြ ပါတီ အဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ် ပေးရမယ်၊ တိုင်းပြည် အကျိုးကို ရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင် ကြရမယ်။ ရန်သူက ပြတ်သား တာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့် အချိန် မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်း ပြောင်းသင့်ချိန် ရောက်လာလျှင် ပြောင်းရမည်။ တိုက်ပွဲ ခေါ်ရမည်။ လူထုရဲ့ ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေ ကြဦးမည် ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူ ရွေးထုတ်ပွဲ အဖြစ် မဝေးတော့သည့် ကာလတွင် ထွက်ပေါ် လာတော့မည် ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေး အသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများ အဖွဲ့ကို အမိမြေပေါ်မှ အပြီးပိုင် ဖယ်ရှားပစ်ရန် အချိန် ကြရောက်လာပြီ ဖြစ်ပါကြောင်း တော်လှန်ရေး သစ္စာဖြင့် အသိပေး လိုက်ရပါသည်။

ရွှေဝါရောင် ဘုန်းဘုန်း
၂၉.၀၃.၂၀၁၀

0 comments:

Post a Comment