Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

သံဃာတော်များမှ အိတ်ဖွင့် ပေးစာ

တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသား ကျောင်းသူများး၊ တောင်သူဦး ကြီးများ နှင့် ဝန်ထမ်း အလုပ်သမားများ အားလုံးသို့ သံဃာတော်များမှ အိတ်ဖွင့်ပေးစာ

အခု လက်ရှိ အချိန် ကာလဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာ အတွက် သေရေးရှင်ရေး နဲ့ တမျှ အရေးကြီး နေတဲ့ အချိန် ကာလ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူများဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို နအဖ စစ်ခေါင်းဆောင် တွေရဲ့ သေးသိမ် နုံချာတဲ့ သဘောထား အတိုင်း အဖြစ်ခံလို့ မရပါဘူး။

သက္ကရာဇ် (၂၀၁၀) ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူ လူထု အားလုံးရဲ့ ဆန္ဒ သဘောထား အတိုင်းသာ ဖြစ်စေရပါမယ်။

ဒီလို ဖြစ်လာဖို့ အတွက် ဘုန်းဘုန်းတို့နဲ့ အတူ တိုင်းရင်းသား ပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသား ကျောင်းသူများ၊ တောင်သူ ဦးကြီးများနဲ့ ဝန်ထမ်း အလုပ်သမား အားလုံးတို့ အနေနဲ့ လမ်းကြောင်း တခုထဲ ပေါ်မှာ စုစည်း ညီညွတ်စွာနဲ့ အာဏာရှင် စနစ်အောက်က ရုံန်းထွက် နိုင်ဖို့ အခုလို အိပ်ဖွင့် ပေးစာကို ပေးရခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်သည့် အမျိုးသားရေး အလုပ်သမား လှုပ်ရှားမှုကြီး မှ တမျိုးသားလုံး ပူပေါင်း ပါဝင် လုပ်ဆောင်မဲ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးဖြင့် နအဖ စစ်အာဏာရှင် စနစ်ကို မြန်မာပြည် မြေကြီးပေါ်မှ အပြီးအပိုင် ဖယ်ရှား ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

အခု လက်ရှိ အခြေအနေမှာ လွတ်လပ်မှု၊ တရား မျှတမှု၊ တန်းတူညီမျှမှု၊ ဆိုတဲ့ လူ့အခွင့်အရေး တွေကို မြန်မာပြည်သူလူထု အားလုံး ရှုံးဆုံး နေကြရပါတယ်။ မြန်မာပြည်သူ လူထုဟာ အာဏာ ရူး နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေရဲ့ မတရား ဖိနှိပ် ချုပ်ချယ်မှုအောက်မှာ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုတွေကို ခံနေကြရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေဟာ ရဲဘော်တို့ရဲ့ တည်ကြည်မှု၊ သစ္စာ စောင့်သိမှုတွေကို အသုံးချပြီး သူ့အာဏာ တည်မြဲဖို့၊ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေ ကောင်းစားဖို့ စီမံ ဆောင်ရွက်နေကြ ပါတယ်။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ မြန်မာ့ တပ်မတော်ကို မှားယွင်းစွာ ဦးဆောင် အသုံးချနေတဲ့ အာဏာရှင် ဗိုလ်သန်းရွှေကို တော်လှန်ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံလာဖို့ လေးနက် တည်ကြည်စွာ ဖိတ်ခေါ် အပ်ပါတယ်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အထဲမှာ အတူ ပူးပေါင်း ပါဝင် လာကြမဲ့ တပ်မတော်သား အပေါင်းကို တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက ဂုဏ်ယူစွာနဲ့ နွေးနွေးထွေးထွေး ကြိုဆို နေကြမှာ ဖြစ်ပါတယ်။

ကျောင်းသား ဆိုတာ တော်လှန်ရေးရဲ့ ပြယုဂ် တခုပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ခေတ်အဆက် ဆက် နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ ကာလ တစ်လျှောက်လုံးမှာ ခွပ်ဒေါင်းအာဇာနည်များက သမိုင်းမော်ကွန်းတွေကို အထပ်ထပ် ရေးထိုးခဲ့ကြ ပြီးပါပြီ။ ကျောင်းသားတွေရဲ့ ကြီးမြတ်တဲ့ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ ထိမ်းသိမ်းပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦးမှာ ဦးဆောင် နေရာယူကြဖို့ ဘုန်းဘုန်းတို့က ယနေ့ခေတ် ကျောင်းသား မျိုးဆက်များကို အလေးအနက် တိုက်တွန်း အပ်ပါတယ်။ တတိုင်းပြည်လုံးရှိ ကျောင်းသားတွေရဲ့ ပါဝင် ဦးဆောင်မှုဟာ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲ အောင်မြင်ဖို့ အတွက် အသက် သွေးကြောပဲ ဖြစ်ပါတယ်။ ပါဝင် ဦးဆောင်ကြမယ် ဆိုတာကိုလဲ အပြည့်အဝ ယုံကြည်ထားပါတယ်။

အခု အချိန်မှာ အလုပ်သမားထုကြီးဟာ မိမိတို့ နှစ်ပေါင်းများစွာ ရှုံးဆုံးနေတဲ့ လုပ်သမား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်သည့် အမျိုးသားရေး အလုပ်သမား လှုပ်ရှားမှုကြီးကို စတင် လုပ်ဆောင် နေကြပါပြီ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူ လယ်သများ၊ ဝန်ထမ်း အမှုထမ်းများ၊ အလုပ်သမားထု တစ်ရပ်လုံးက နေပြီးတော့မှ မိမိတို့ရဲ့ အဖိနှိပ်ခံ ဘဝတွေ ကနေ တပြိုင်ထဲ ရုန်းထွက်ကြဖို့ အချိန် ကျရောက် နေပြီဆိုတာကို ဘုန်းဘုန်းတို့မှ တော်လှန်ရေး သတိပေး နိုးဆော် အပ်ပါတယ်။

နအဖ စစ်အာဏာရှင် လက်အောက်ကနေ ဘုန်းဘုန်းတို့အားလုံး လွတ်မြောက်ရမယ်၊ ဆင်းရဲတွင်းကနေ လွတ်မြောက် ရမယ်၊ မတရား ဖိနှိပ် ချုပ်ချယ်မှုတွေ ကနေ ကင်းဝေးရမယ် ဆိုတဲ့ ယုံကြည်ချက် တွေကို မြဲမြဲ ဆုပ်ကိုင် ထားမယ်လို့ ယုံကြည်ထားပါတယ်။

ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ နိုင်ငံရေး အာဏာဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ယန္ဒရားဟာလည်း အချိန်မရွေး ပြိုကွဲသွားတဲ့ အရာဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ စစ်အာဏာရှင် စနစ်တခုလုံး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အောက်မှာ အမိ မြန်မာပြည် မြေကြီးပေါ်က လုံးဝ ပျောက်ကွယ် သွားရမှာ ဖြစ်တယ်။



မြန်မာနိုင်ငံ သာသနာတော် ကာကွယ်ရေး တပ်ဦး

ရန်ကုန်မြို့

0 comments:

Post a Comment