Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ရန်ကုန် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဓာတ်မှန်ဆောင် သိန်း ၂၀၀ အကုန်အကျခံ ဆောက်မည်

ရန်ကုန်နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိန်း(၂၀၀)ကျော် အကုန်အကျခံကာ ကုသိုလ်ဖြစ်ဓာတ်မှန်ဆောင် တစ်ခုအား တိုးချဲ့ဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ဓာတ်ခွဲခန်းဆောက်အအုံအား ခိုင်ရွှန်းလဲ့ရည်မိသားစု လှူဒါန်းထားသော သိန်း(၁၀၀)နှင့် မတည်တည် ဆောက်သွားမည်ဖြစ်သည်။

အဆိုပါဓာတ်မှန် ဆောင်အားနာရေးကူညီမှု အသင်းရုံးအတွင်း၌ အလျားပေ၂၀၊ အနံ ၂၅ ပေအကျယ်အဝန်းရှိ တစ်ထပ်အဆောက်အအုံအား ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ပြီး၊ ယင်းအဆောက်အအုံအတွင်း၌ ဒေါ်လာနှစ်သောင်းခွဲတန်ဖိုးရှိ ဓာတ်မှန်စက်ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းမှ လက်ရှိတွင်ဓာတ်မှန် ရိုက်ကူးရန်လိုအပ်သော လူနာများအား ပြင်ပတွင်သွားရောက် ရိုက်ကူးရပြီး ကျသင့်သောငွေကြေးပမာဏအား ပြန်လည် ပေးအပ်လျက်ရှိရာ ဓာတ်မှန်ခန်းပြီး စီးသည့်အခါတွင် လူနာများအား တစ်နေရာတည်းတွင် အဆင်ပြေမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှသိရသည်။

နာရေးကူညီမှုအသင်း၌သုခကုသိုလ်ဖြစ်ဆေးခန်းအား ၂၀၀၇ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ဖွင့်လှစ်ခဲ့ပြီး ချို့တဲ့၍ အရေးပေါ်ခွဲစိတ်ကုသရန်လိုအပ်သော ကိုယ်ဝန်ဆောင်မိခင်များအား ခွဲစိတ်ကုသရန် ကူညီပေးခြင်း၊ မည်သည့်ရောဂါမဆို ကျား-မမရွေး ရုတ်တရက်ခွဲစိတ်ရန်လိုအပ်သော ချို့တဲ့နွမ်းပါးသောလူနာများအား ခွဲစိတ်ခန်းစရိတ်လှူဒါန်းခြင်း၊ မျက်စိ၊ အရိုးအကြော၊ အရေပြား၊ ကင်ဆာ၊ အပ်စိုက်ကုသရန် လိုအပ်သောလူနာများအား အပ်စိုက်ကုသပေးခြင်း စသည့်ရောဂါများအား အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ၄၀ ကျော်နှင့် သူနာပြုဆရာမခြောက်ဦးတို့က အလှည့်ကျတစ်နေလျှင် လူနာပေါင်း ၂၅၀ ခန့်အား အခမဲ့ကုသပေးလျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ်တွင်ဖော်ပြထားပါသည်။
မိုးသောက်ကြယ်
www.moethaukkye.co.cc

0 comments:

Post a Comment