Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) မှပါတီ ရှိ ကားများ ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ အကြောင်းပြ ပြင်ပသို့ ဌားရမ်း

ဟံသာဝတီ | စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် စစ်အစိုးရမှ ပါတီသို့ ပေးထားသော 929 ၊ 323 ၊ B600 နှင့် TE 11 ကားများကို ပါတီ ရံပုံငွေ အကြောင်းပြကာ ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

ထို ပါတီကားများကို ပြင်ပသို့ ဌားရမ်း အသုံး ပြုခွင်ကို ထိုပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ခွင့်ပြု လုပ်ကိုင် စေခြင်း ဖြစ်ကြောင်း တစည ပါတီဝင် တဦးမှ အယခုလို ပြောပြ ပါတယ်။ ပါတီရှိ ကားများကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ရံပုံငွေ ရရှိရန် ပြင်ပသို့ ဌားရမ်း အသုံးပြုခွင့် ပြုထား သည်မှာ မှန်ကန်ကြောင်း ၊ သို့သော် ထိုကားများကို ပြင်ပသို့ ဌားရမ်းသည်မှာ ပုံစံ အမျိုးမျိုး နှင့် ဌားရမ်း ခြင်း ဖြစ်ကြောင်း ၊ လူတိုင်းအား ဌားရမ်းခြင်း မဟုတ်ကြောင်း ၊ ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး နှင့် ပတ်သက် သူများကိုသာ ဌားရမ်းခြင်း ဖြစ်ကြောင်း ၊ ပါတီ ရံပုံငွေဟု အကြောင်းပြ ထား သော်လည်း ထိုငွေသည် ပါတီအတွက် အသုံးမဖြစ် သောငွေသာ ဖြစ်ကြောင်း ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အကြိုး စီးပွားသာ ဖြစ်သွားကြောင်း ပြောပြပါသည်။

ပြင်ပတွင် မော်တော်ယာဉ်တစ်စီး ဌားရမ်းခမှာ တစ်လလျှင် သိန်းကျော် ရှိသော်လည်း တစညပါတီမှ ပြင်ပသို့ ဌားရမ်းသည့် ဈေးနှုန်းမှာ မည်သူမှ မကြားဖူးသော ဈေးနှုန်းများသာ ဖြစ်သည်။ 929 ၊ 323 တစ်လဌားရမ်း ခမှာ ကျပ်သုံးသောင်း ၊ TE 11 ကားတစ်စီး တစ်လဌားရမ်းခမှာ ကျပ် နှစ်သောင်း နှင့် B600 တစ်စီး တစ်လ ဌားရမ်းခမှာ ကျပ် ရှစ်ထောင်သာ ဖြစ်ကြောင်းသိရသည်။ ထိုငွေသည် ပါတီသို့သွင်းရသော ငွေသာဖြစ်သည်။

ထို ပါတီ၏ ကားများကို ဌားရမ်း လိုသူများသည် ပါတီဗဟိုကော်မတီဝင် ၂ ဦး၏ ထောက်ခံချက်၊ နေအိမ် ပိုင်ဆိုင်ကြောင်း အထောက်အထားမိတ္တူများ လိုအပ်သည်။ သို့သော် ထိုကားများကို ဦးခင်မောင်ကြီး နှင့် နီးစပ် ပတ်သက်သော သူများသာ ရရှိကြသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ သော တစညပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ပြီး စစ်အစိုးရ၏ မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာ ထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့သောပါတီဖြစ်သည် ။ ပါတီရှိ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအ၀င် ဗဟိုကော်မတီ များသည် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အတူ မဆလ ပါတီတွင် ထိပ်ပိုင်း တာဝန်ရှိ သူများ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင် ခဲ့ကြ သူများ ဖြစ်သည့် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နည်းတူ မိမိ မိသားစု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင် နေသူများသာ ဖြစ်ကြပါသည်။
http://www.nfacforburma.info/2010/01/car.html မှကူးယူဖော်ပြပေးပါသည်။

0 comments:

Post a Comment