Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဒီဇင်ဘာ ၆ ရက်နေ့ စတိတ်ရှိုးနှင့် ဒီဇင်ဘာ ၅ ရက်နေ့ မကျေနပ်သံ များ


သတင်း။ ခမိခဆဲ
ဓါတ်ပုံ။ အရှည်ကြီး

ဒီဇင်ဘာ ၆ ရက်နေ့ ည ထိုင်းဘုရင်မွေးနေ့ပွဲကို မဲဆောက်မြို့တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ နာမည်ကြီးအဆိုတော် ဇော်ပိုင် နှင့် ရေဗက္ကာဝင်း တို့ လာရောက်သီဆိုဖျော်ဖြေကြပါသည်။ ထို့နေ့ပွဲတွင် မြန်မာအလုပ်သမားများ၊ မဲဆောက်မြို့မှာရှိကြတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်း လာရောက်အားပေးကြတာကို တွေ့ရပါတယ်။ သောင်းချီလောက်သော ပရိသတ်များက တစ်ဦးလျှင် လက်မှတ်နှုန်း ထား ဘတ် ၁၀၀ ကျပ်ဖြင့် ကြည့်ရှုရခြင်းဖြစ်ပါသည်။ ၀င်ကြေးအနေဖြင့် ဘတ် ၂၀ ပေးရပါသေးသည်။

ူ“ ယနေ့ ပွဲလာကြည့်ရတာတော့ အဆိုတော်တွေ လာရောက်သီဆိုကြလို့ ပျော်ပါတယ်ဗျာ ... မနေ့ကတော့ စိုင်းစိုင်းနဲ့ကြိုးကြာ လာဖျော် ဖြေမယ်ဆိုပြီး လာကြည့်ပါတယ်၊ ပေါ်မလာပါဘူး။ ပေါ်မလာတဲ့အပြင် စင်ပေါ်ကနေ မြန်မာအချင်းချင်း စင်ပေါ်တတ်ပြီး စိမ်ခေါ်တာလဲ ခံရသေးတယ်ဗျ။ စဉ်းစားကြည့်ပါဦး အဝေးကြီးကနေ လာရောက်အားပေးရတာ။ မလာဖြစ်ရင် မလာဖြစ်ဘူးမပြောတဲ့အပြင် ခင်ဗျားတို့ မြန်မာလူမျိုးတွေမဟုတ်ဘူးလားဆိုပြီး ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့လဲ ပြောခံရသေးတယ် ... ”

“ ကျမတို့က မြန်မာအဆိုတော်တွေလာဖျော်ဖြေမယ်ဆိုလို့ တကူးတက ကားစီးပြီးလာကြည့်ရတာ။ ညနေ ၆ နာရီလောက်ထဲက လာရပါ တယ်။ ပိုက်ဆံလဲကုန်၊ လူလဲပင်ပန်းတယ်။ အားပေးရုံသက်သက်ပါပဲ။ ဒီရောက်တော့ မြ၀တီက အဆိုတော်တွေပဲ ဆိုတာကြည့်ခဲ့ရတယ်..”

“ ကိုဇော်ပိုင် နဲ့ မရေဗက္ကာဝင်း ဆိုတာပဲကြည့်ရတယ်။ ပြောတော့ စိုင်းစိုင်း နဲ့ ကြိုးကြာလာမယ်ပြောပြီး ပေါ်မလာဘူးလေ။ ချွေးနည်းစာ တွေစုပြီး လာကြည့်ရတာ ”

ဒီဇင်ဘာ ၅ ရက်နေ့က စိုင်းစိုင်း နဲ့ ကြိုးကြာ လာရောက်ဖျော်ဖြေမယ်ပြောပြီး ပေါ်မလာခဲ့ပါဘူး။ ပရိသတ်တွေကတော့ မျှော်တော်ရောင် ကို ဖြစ်လို့။ ဒီကြားထဲ မြ၀တီက တစ်ယောက်က စင်ပေါ်တတ်ပြီး အော်ငေါက်ပြောတာပါ ခံရသေးတယ်။ ဘယ်လောက် ကိုယ်ချင်းစာ တ ရားမရှိလိုက်လဲလို့။ မလာနိုင်ဘူးဆိုလဲ မလာနိုင်ဘူး မပြောခဲ့ပါဘူး။ အ၀တ်လဲနေပါပြီ၊ လာတော့မှာပါ၊ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ပြောပြီး နောက်ဆုံး စင်ပေါ်တတ်ကာ ပရိသတ်တွေကို ဒါ ထိုင်းနိုင်ငံနော်၊ ခင်ဗျားတို့ မြန်မာပြည်လာခဲ့ကြပါလား ဆိုပြီးပြောဆိုခံရပါသေးတယ်။ ပရိသတ်တော်တော်များများဟာ သူတို့ချွေးနည်းစားလေးတွေကို စုပြီး လာကြည့်ရတာပါ။

လက်မှတ်နှုန်းထား ဘတ် ၁၀၀ ကနေ ဒီဇင်ဘာ ၅ ရက်နေ့ပွဲမဖြစ်တဲ့အတွက် ဘတ် ၅၀ ပြန်ပေးမယ်ဆိုပြီးလဲ ပြောသံကြားခဲ့ပါတယ်။ အခု ထိတော့ ဘယ်သူ့ဆီမှာ ပြန်တောင်းရမယ်၊ ပေးမယ်၊ မပေးမယ် ဆိုတာကိုလဲ ယခုထိ မသိရှိရသေးပါဘူး။

“ မြန်မာအချင်းချင်း လိမ်လည်ပြီး လက်မှတ်ရောင်းတာပဲ ... အဲ့တာကတော့ ” ဟု ပွဲလာကြည့်တဲ့ ပရိသတ်တစ်ဦးက အခုလိုပြောဆို သွားခဲ့ပါတယ်။

ဘယ်လိုတွေပဲဖြစ်ဖြစ် ဒီဇင်ဘာ ၅ ရက်၊ ၆ ရက် ပွဲကတော့ ပြီးဆုံးခဲ့ပါပြီ။ ယခုချိန်အထိ ဘတ် ၅၀ ပြန်ပေးမယ်၊ မပေးမယ် ဆိုတာကို တော့မသိရှိရသေးပါဘူး။ ပွဲစီစဉ်သူ ဘယ်သူဘယ်ဝါဆိုတာလဲ ခုချိန်ထိ ဟိုလူလိုလို၊ ဒီလူလိုလိုနဲ့ သံသရာလည်နေဆဲပါပဲ။

0 comments:

Post a Comment