Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အလွမ်းများနဲ့ ဧရာဝတီဇတ်ကား ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရရှိလာ

တိုကျို၊ ဒီဇင်ဘာ(၃၁)
သန့်မျိုးထွေး | ၂၀၀၈ ခုနှစ် မေလအတွင်းက ဧရာဝတီနှင့်ရန်ကုန်တွင် တိုက်ခတ်သွားခဲ့သည့် နာဂစ်မုန်တိုင်းအခြေပြု ရိုက်ကူးနေသည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ဂျပန်နေ့စဉ်ထုတ် အဆာဟိသတင်းစာတွင် ဖော်ပြခဲ့ပြီးသည့်နောက်ပိုင်း ဂျပန်လူမျိုးများပါ စိတ်ဝင်စားမှုရှိလာကြောင်း သိရှိရသည်။

ယခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ရိုက်ကူးနေသည့် ဒါရိုက်တာသစ်သား(ဋ္ဌေးသစ်)၏ ဒုတိယခြေလှမ်းဖြစ်သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ချီးဘခရိုင် အဲ့ဒိုဂါဝမြစ်အနီးတွင်ရိုက်ကူးနေပြီး ဇတ်လမ်းတွင်ပါဝင်သည့် ကျေးရွာသူကြီးနှင့်ရွာသားများ စကားပြောဆိုခန်းများ၊ ဘာကြောင့်ရိုက်ကူးရသည်ဆိုသည့် အချက်အလက်များကို ဒီဇင်ဘာ(၅)ရက်နေ့ထုတ် အဆာဟိသတင်းစာတွင် စာမျက်နှာဝက်ခန့် ရေးသားဖော်ပြထားသည်။`ဒါရိုက်တာသစ်သား`ဟု မြန်မာပြည်အနုပညာအသိုင်းအ၀ိုင်းတွင် လူသိများသော ဦးဋ္ဌေးသစ်မှာ ၁၉၈၈ ဒီမိုကရေစီအရေးလှုပ်ရှားဆန္ဒပြမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏၀ါဒဖြန့်ဇတ်ကားများတွင် ပါဝင်ရန်ငြင်းဆန်မှုဖြင့် ထောက်လှမ်းရေး၏ စောင့်ကြည့်မှုကိုခံခဲ့ရသည်။

အနုပညာသမားတဦးအနေနှင့် ပြည်တွင်းတွင် ဆက်လက်နေထိုင်ရန်မသင့်တော်သောကြောင့် ၁၉၉၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍ ဂျပန်တွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သူတဦး ဖြစ်ကြောင်း ယင်းသတင်းစာတွင် ရေးသားဖော်ပြထားသည်။

"ကျနော်တို့နိုင်ငံမှာတိုက်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ ဘယ်လောက်အထိဆိုးရွားပြီး လူတွေကိုထိခိုက်ခဲ့တယ်၊ ဒါဆိုနအဖက လစ်လျူရှု မသိကျိုးကျွံပြုလုပ်ခဲ့တယ်။ ကိုယ်တိုင်လဲ အကူအညီထိရောက်စွာမပေးခဲ့ဘူး၊ နိုင်ငံခြားက လူသားချင်းစာနာပြီး ပံပိုးပေးလာတဲ့ အကူအညီတွေကိုလဲပိတ်ပင်ခဲ့တယ်၊ ဒါ့ကြောင့်ပြည်သူတွေပိုမိုဆိုးရွားစွာ ဒုက္ခတွေခံစားခဲ့ရတယ်။ နောက်ပြီး နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ကူညီပေးခဲ့သူတွေကို လည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်တယ်။ ဒါကို ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးတွေသာမကပဲ ဂျပန်အစိုးရနဲ့ ဂျပန်လူမျိုးတွေရောသိအောင် နောက်ပြီး တကမ္ဘာလုံးကပါသိအောင်လို့ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါစာတမ်းထိုးပြီး ပြသမှာဖြစ်တယ်"ဟု ဒါရိုက်တာသစ်သားက မိုးသောက်ကြယ်သို့ ရှင်းလင်းပြောပြသည်။

ပထမအကြိမ် ၂၀၀၇ ခုနှစ်အတွင်းက ရိုက်ကူးဖြန့်ချိခဲ့ပြီးဖြစ်သော `စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ`ဇာတ်ကားကဲ့သို့ ပရိသတ်လက်ခံနိုင်သော ဇတ်ကားမျိုးတခုဖြစ်ရန် ကြိုးစား၍ရိုက်ကူးနေကြောင်းနှင့် ယခုဇာတ်ကားတွင် ဂျပန်နိုင်ငံရှိ `မင်္ဂလာဒိုးအနုပညာအင်အားစု`အပါအ၀င် တိုင်းရင်းသားများကလည်း အင်တိုက်အားတိုက် ကူညီပံ့ပိုးပေးခဲ့ကြသည်။

ယခင်က ဇတ်လမ်းနှင့်ရိုက်ကူးချိန်ကို ၄၅ မိနစ်ခန့်နှင့် ယခုနှစ် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ဖြန့်ချိပြသရန် ရည်ရွယ်ခဲ့သော်လည်း ဇတ်လမ်းတွင်စိတ်ပါဝင်စား၍ ပါဝင်သရုပ်ဆောင်လာသူများ ပြားလာခဲ့ခြင်းကြောင့် ပြန်သချိန် ၁ နာရီ မိနစ် ၃၀ အထိရှိလာပြီး သရုပ်ဆောင်ကလေးငယ်များ၏ ကျန်မားရေးအခြေအနေနှင့် ရာသီဥတုဆိုးရွားခြင်းကြောင့် ဇတ်သိမ်းပိုင်းရိုက်ကူးမှု နောက်ကျဖွယ် ရှိနိုင်သည်ဟုလည်း ဆက်လက်ပြောဆိုသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်တွင်နေထိုင်နေသည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာမင်္ဂလာပွဲ ကျင်းပချိန်တွင် မုန်တိုင်းတိုက်ခတ်သွားသည့်အတွက် သတိုးသားအပါအဝင်၊ မိဘဆွေးမျိုးမိတ်ဆွေများအားလုံးကို တပေါင်းတစည်းတည်းခေါ်ပြီး သတ်လိုက်မိသလိုခံ စားမိသွား၍ ရူးသွပ်သွားသည့်က ရင်မိန်းကလေးငယ်တဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်တို့နှင့် မုန်တိုင်းကျပြီးနောက် ကူညီရန်ရောက်ရှိလာသည့်အနုပညာရှင်များကို အာဏာပိုင်များမှ အဓိပ္ပါယ်မဲ့ဖမ်းဆီးထောင်ချလိုက်သည့် အဖြစ်အပျက်များနှင့် မုန်တိုင်းကြောင့် ကယ်သူမဲ့သေဆုံးသွားကြသည့် အလောင်များအား ကောက်ယူမီးသဂြိုလ်ပေးသူများကို စစ်အာဏာပိုင်များမှ ဥပဒေမဲ့စွာဖမ်းဆီးခဲ့ပုံတို့ကို တကမ္ဘာလုံးမှမမေ့မပျောက်ပဲ အမှတ်ရစေရန် သဘာဝကျကျရိုက်ကူး တင်ဆက်ကြိုးစားထားကြောင်းသိရသည်။

နောက်ကျမှုနှင်ပါတ်သတ်၍ ဒါရိုက်တာသစ်သားက "အကူဒါရိုက်တာအနေနဲ့ ကိုအောင်လင်းနိုင် (မြိတ်ကလာတဲ့ ငံပြာရည်၏မြေး)က ကူညီပြီး ရှေ့ကရိုက်ပြီးထားတာတွေ ကားကူးကားဆက်နဲ့ စာတမ်းထိုးတဲ့အပိုင်းကို ကြိုးစားပြီးလုပ်နေပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ နေစားရိတ်၊ စားစရိတ်ကလည်း ဈေးကြီးတော့ တဖက်ကလည်း ကိုယ့်စားဝတ်နေရေးအတွက် အလုပ်လုပ်ရသေးတယ်လေ။ အလွန်ဆုံး နာဂစ် ၂ နှစ်ပြည့် နှစ်ပါတ်လည်အချိန်လောက်မှာ အားလုံးအပြီးအစီးအချောသတ် ထုတ်ဝေဖြစ်မယ်လို့ ထင်ပါတယ်"ဟုလည်း ရှင်းပြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြည်တွင်းနှင့်ပြည်ပတွင် Documentary အနေနှင့်ရိုက်ကူး ထုတ်လုပ်မှုသာရှိပြီး ရသမြောက်စွာရိုက်ကူးသည့် အထိမ်းအမှတ် ဇာတ်လမ်းအနှေနှင့် ယခုဇာတ်ကားသည် ပထမဦးဆုံးဖြစ်လာမည်ဖြစ်သည်။

0 comments:

Post a Comment