Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် စကော့တလန်တွင် ရံပုံငွေရှာ အပြေးပြိုင်ပွဲကျင်းပ

RFA | စစ်အစိုးရတပ်တွေကြောင့် ထွက်ပြေးနေကြရတဲ့ မြန်မာပြည်တွင်းက ရွာပုန်းရွာရှောင်တွေနဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် စကော့တလန်နိုင်ငံ အီဒင်ဘတ်ဂ်မြို့မှာ Run for Relief in Burma လို့ အမည်ပေးထားတဲ့ ရံပုံငွေရှာ အပြေးပြိုင်ပွဲတရပ်ကို အောက်တိုဘာလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီပြေးပွဲမှာ အပျော်တမ်း အပြေးသမား ၁၅ဝ ကျော်လောက် ပါဝင်ခဲ့ကြပြီး အီဒင်ဘတ်ဂ်မြို့ Anverleith ပန်းခြံမှာ ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အစိုးရတပ်တွေကြောင့် နယ်စပ်ဒေသကို ထွက်ပြေးနေကြရသူတွေ အတွက်ရော ပြည်တွင်းထဲမှာ ပြေးလွှားပုန်းရှောင် နေရသူတွေအတွက်ပါ ကူညီလိုစိတ် ရှိကြတဲ့ အီဒင်ဘတ်ဂ် မြို့သူမြို့သားတွေက စိတ်ဝင်တစားနဲ့ လာပြီး အပြေးပြိုင်ကြတယ်လို့ Partner အဖွဲ့တာဝန်ခံ Ms. Sarra က RFA ကို ပြောပါတယ်။

ဒီ အပြေးပြိုင်ပွဲ ဖြစ်မြောက်အောင် တာဝန်ယူခဲ့တဲ့ Partner အဖွဲ့ကတဆင့် နယ်စပ်ဒုက္ခသည်တွေကို ငွေကြေး ပေးပို့ ကူညီသွားဖို့ရှိကြောင်း အဲဒီအပြေးပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်ပြေးခဲ့တဲ့ ကရင်တိုင်းရင်းသူ ဇိုရာဖန်းက ပြောပါတယ်။

ဇိုရာဖန်း။ ။“မြန်မာပြည်သူပြည်သားတွေအတွက် Run for Burma ဆိုပြီး အပြေးပြိုင်ပွဲကို ရံပုံငွေအတွက် လုပ်နေတာပါ။ ဒီရံပုံငွေကို Partner ဆိုတဲ့ အဖွဲ့အစည်းကို သူတို့လှူမယ်။ ပြီးတော့က ပြည်တွင်းထဲမှာ ဒုက္ခသည်တွေကို ပြန်ပြီးတော့ ကူညီမယ်။ အဓိကတော့ ပြည်တွင်းက IDP ရွာပုန်းရွာရှောင်တွေအတွက်ပါ။ နောက် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ အတွက်လည်းပါတယ်”

မြန်မာပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို စကော့တလန် နိုင်ငံသားတွေ ပိုပြီး သိရှိလာစေ ဖို့အတွက် Run for Relief in Burma လို့အမည်ပေးထားတဲ့ ဒီ အပြေးပြိုင်ပွဲတွေကို လွန်ခဲ့တဲ ၂ နှစ်လောက်ကတည်းက စကော့တလန်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုအချိန်ထိ ရံပုံငွေ ဗြိတိန် စတာလင်ပေါင် ၇၆ဝဝ ရရှိခဲ့ပြီလို့ သိရပါတယ်။
http://www.rfa.org/burmese/news မှဖြစ်ပါသည်။

0 comments:

Post a Comment