Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး နယ်စပ်ခရီးသွား နိုင်ငံခြားသားဦးရေ ကျဆင်းလာ

RFA / မြန်မာစစ်အစိုးရတပ်တွေက ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသကို စစ်ဆင်နေတဲ့ ၊ အခုရက်ပိုင်းမှာပဲ ရှမ်းပြည်တောင်ပိုင်းက ထိုင်းမြန်မာ နယ်စပ်ဂိတ် တာချီလိတ်မြို့ အနီးတဝိုက်မှာ လုံခြုံရေး တိုးမြှင့် ချထားလိုက်တာကြောင့် ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး နယ်စပ်ခရီးသွားလုပ်ငန်း ကျဆင်းသွားကြောင်း သိရပါတယ်။

တာချီလိတ်မြို့ကနေ ၃ကီလိုလောက်အကွာမှာ ရှိတဲ့ မိုင်းဆတ်မြို့ကို သွားတဲ့ ကားလမ်းပေါ်က လွယ်တော်ခမ်း ပူးပေါင်းဂိတ်စခန်းမှာ စစ်အစိုးရက လုံခြုံရေး တိုးမြှင့်ချထားပြီး ၊ ကားအဝင်အထွက်တွေကို စစ်ဆေးနေရာမှာ UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ကားတွေကိုပါ စစ်ဆေးနေကြောင်း သိရပါတယ်။ လုံခြုံရေးတိုးမြှင့်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တာချီလိတ်ဒေသခံက RFA ကိုပြောပြပါတယ်။
တာချီလိတ်ဒေသခံ။ ။ “ကျွန်တော်တို့ လောက်ကိုင်မှာ ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီဖက်မှာ ကျွန်တော်တို့ လုံခြုံရေးတွေ၊ တပ်အင်အားတွေ ထပ်ဖြည့်ထားတယ်။ မိုင်းဆတ်က ဆင်းလာလို့ရှိရင် ကျွန်တော်တို့ တာချီလိတ်ကို ဝင်တဲ့ အဝင်ဂိတ်ရှိတယ်။ အဲဒီမှာ လွယ်တော်ခမ်း ပူးပေါင်းဂိတ်မှာ ကျွန်တော်တို့ တပ်အင်အားတွေ ထပ်ဖြည့်တယ်၊ နောက်ပြီးတော့ တပ်ရင်း ၃၅၉ ကနေပြီးတော့မှ ကားသုံးစီးနဲ့ အပေါ်ကို တက်သွားတယ်ပေါ့နော်။ အင်အားဖြည့်တယ်။ ဒီမိုင်းဆတ်ကနေပြီးတော့ ဆင်းလာတဲ့ ဝ ကားတွေ၊ ခရီးသည်ကားတွေ ဆိုလို့ရှိရင် သေသေချာချာ ကြပ်ကြပ်မတ်မတ် စစ်ဆေးတယ်။ ဝ ကားတွေ ဆိုလို့ရှိရင် အဲဒီမှာ လက်နက်တွေ ပါမယ်၊ တခုခု မသင်္ကာစရာတွေ ရှိမယ်ဆိုလို့ရှိရင် သက်ဆိုင်ရာကနေ အကြောင်းကြားပြီးတော့မှ လက်နက်တွေကို သိမ်းတာတွေ ဆည်းတာတွေ အဲလိုမျိုး ရှိတယ်ပေါ့။”

အခုလို စစ်အစိုးရဖက်က လုံခြုံရေး တိုးမြှင့် လုပ်ဆောင်လာတာကြောင့် ရှမ်းပြည်တောင်ပိုင်း ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ် နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ကျိုင်းတုံ၊ မိုင်းလားဒေသတွေကို နယ်စပ်ဖြတ်ကျော် အလည်အပတ် လာရောက်ကြတဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ သိသိသာသာ ကျဆင်းသွားသလို ၊ ခရီးသွားလုပ်ငန်းတွေပါ ထိခိုက်ကုန်တယ်လို့ စောစောက ဒေသခံကပဲ ပြောပါတယ်။

တာချီလိတ်ဒေသခံ။ ။ “အခု ဒီ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ အနေနဲ့ကျတော့ သိသိသာသာကြီးကို ကျဆင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတွေက ထွက်နေတာက မိုင်းလားမှာကလည်း ဒီလိုမျိုး လှုပ်လှုပ် လှုပ်လှုပ် ကြားနေရတယ်ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ ဒီ ထိုင်းခရီးသွားတွေ၊ တိုးရစ်တွေ အနေနဲ့ ဒီ ကျိုင်းတုံ၊ မိုင်းလားကို သွားတဲ့ ခရီးစဉ်တေါအနေနဲ့ အားလုံး cancel ပယ်ဖျက်လိုက်ရတယ်ပေါ့။ နည်းနည်း ထိခိုက်တာပေါ့။

လူထုတွေအနေနဲ့ကတော့ ထိတ်လန့်နေတယ်။ နောက် ဒီဖက်ကိုများ ကူးစက်လာမလားဆိုပြီး စိုးရိမ်စိတ်တွေပေါ့နော်။ အဲလိုမျိုး ရှိတယ်။ ဆန်တွေဘာတွေ ဝယ်ပြီးမှ အိမ်မှာ လှောင်ထားရမလား၊ စုထားရမလား၊ အဲလိုမျိုးတွေပေါ့နော်။”တာချီလိတ်နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံထဲကို ဝင်ရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာ တနေ့ကို အယောက် ၅၀ ကနေ ၁၀၀ ဝန်းကျင် ရှိကြောင်း နယ်စပ် ခရီးသွားလုပ်ငန်းရှင်တွေက RFAကို ပြောပါတယ်။

0 comments:

Post a Comment