Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ပုညကာရီ မွန်အမျိုးသားအသင်း (ဂျပန်) ကပြုလုပ်သည့် (၆၂)နှစ်မြောက် မွန်တော်လှန်ရေးနေ့


တိုကျို၊ သြဂုတ်(၂၃)
သန့်မျိုးထွေး / ယခုနှစ်သြဂုတ်(၅)ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားတို့၏ (၆၂)နှစ်မြောက်မွန် အမျိုးသားနေ့အခမ်းအနားကို တိုကျိုမြို၊ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမတွင် လွတ်မြောက်နယ်မြေဂျပန်ရှိ ပုညကာရီမွန်အမျိုးသားအသင်းက ယနေ့နေ့ လည်(၃)နာရီတွင် အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သည်။

၁၉၄၈ခုနှစ်တွင်မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်၊ ရခိုင်နှင့်ကရင်စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာပြည်နယ်သီးခြား သတ်မှတ်ဖော်ထုတ်ပေးမှုနှင့် အခွင့်အရေးများ မရရှိနိုင်သည့်အတွက် မြန်မာသက္ကရာဇ် ၁၃၁ဝခုနှစ် ဝါခေါင်လပြည့်၊ ၁၉၄၈ခုနှစ် ဇူလှိုင်လ(၂ဝ)ရက်နေ့တွင် ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။

''လွတ်လပ်ရေးရပြီးတော့ လွတ်လပ်ရေးရဲ့အရသာကို အားလုံးအတူတကွခံစားချင်တာပေါ့၊ ဒါပေမဲ့လွတ်လပ်ရေး ရဖို့အတွက် ဖက်ဆစ်ကိုရော၊ နယ်ချဲ့ကိုရောအားလုံးအတူတိုက်ထုတ်ခဲ့ပြီး တမြေထဲနေတရေတည်းသောက်တဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးခံစားချင်တယ်၊ အဲ့လိုခံစားခွင့်မရတဲ့အတွက် တော်လှန်ရေးထပ်ဖြစ်သွားတယ်၊ ဒါ့ကြောင့်တော်လှန်ရေးက ကျနော်တို့မှာနှစ်ဆက်ဖြစ်သွားတာပေါ့...''ဟု တော်လှန်ရေးအကြောင်းကို မွန်အသင်းခေါင်းဆောင်ဦးမင်းမျိုးချစ်မှရှင်းပြသည်။

ယင်းသို့မွန်နှင့်အတူပြည်နယ်သတ်မှတ်ဖေါ်ထုတ်ရရှိရေးအတွက် ကရင်တိုင်းရင်းသားတို့ကပါ အတူပူးပေါင်း တိုက်ပွဲဝင်ခဲ့ပြီး အချက်(၄)ချက်ပါသည့် သဘောတူညီမှုဖြင့် အတူတော်လှန်ခဲ့ကြသည်ဟုဆိုသည်။ ကေအန်ယူဂျပန်ကိုယ်စားလှယ်စောမျိုးခိုင်ရှင်းက''မွန်နဲ့ကရင်ဆိုတာပြည်နယ်ချင်း လည်းဆက်စပ်နေသလို တော်လှန်ရေးကိုအတူတကွ သွေးစည်းစွာနဲ့တိုက်ပွဲဝင်ခဲ့တယ်၊ ဘယ်လောက်အထိတောင်သွေးစည်းသလဲဆိုရင် တော်လှန်ရေးအောင်မြင်တဲ့အခါ မွန်နဲ့ကရင်နှစ်ပြည်နယ်စလုံး တူညီတဲ့ငွေစက္ကူပြုလုပ်သုံးစွဲမယ်ဆိုတဲ့အထိကို သွေးစည်းခဲ့ကြတယ်...''ဟု တက်ရောက်ပြောကြားသွားသည်။

မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်မရှိဘဲပါတီနှင့် တပ်ခွဲထားခြင်း(သို့မဟုတ်)ဖျက်သိမ်းခြင်းကို လက်ခံမှာမဟုတ်ကြောင်း၊ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံကြောင်း ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ အဆိုပါသဘောထားများအား ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက် အတိုင်းလက်တွေ့လုပ်ဆောင်သွားမည်ဆိုသည်။
''ကိုယ့်ရဲ့ခံယူချက်မှန်ကန်နေတယ်၊ ကိုယ့်ရဲ့သဘောထားမှန်ကန်နေမယ်ဆိုရင် ဘယ်လိုဘဲဖြစ်ဖြစ်အောင်မြင်မှာပါ၊ ကျနော်တို့တမျိုးသားလုံးအတွက် ဖွဲ့စည်းထားတဲ့တော် လှန်ရေးဖြစ်တဲ့အတွက် မွန်လူမျိုးတွေရဲ့ တန်တူညီမျှမှုမရမခြင်းတော်လှန်ရေးကရှည်ကြာနေဦးမှာပါ...။ ''ဟုဦးမင်းမျိုးချစ်မှဆက်လက်ပြောပြသည်။

ယင်းအပြင်မွန်ပြည်သစ်ပါတီအနေနှင့်နအဖ၏ ၂ဝ၁ဝရွေးကောက်ပွဲကို ၄င်းတို့တောင်း ဆိုထားသည့်အတိုင်း သဘောတူညီမှုမရရှိလျှင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းသိရသည်။ (၆၂)နှစ်မြောက်မွန်တော်လှန်ရေးနေ့အဖြစ် ဂျပန်တွင် ဒုတိယအကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ပြီး ဂျပန်ရှိနိုင်ငံရေး ပါတီအချို့နှင့် တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှကိုယ်စား လှယ်များ စုစုပေါင်း(၁ဝဝ) ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

0 comments:

Post a Comment