Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ကျောင်းသားသမဂ္ဂ၏ သမိုင်းဝင် ဒေါင်းအလံများအား ခိုးယူသုံးစွဲနေ

မကွေးတိုင်း၊ ပခုက္ကခရိုင် အတွင်း နအဖ ရဲ့ ဘက်တော်သားများက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ နှစ်ခု တို့ အား အလွဲသုံးစားလုပ် ဘမ်းပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆိုကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းအဝေး ခေါ်ယူခြင်းများကို ပြည်သူလူထုသို့  တရားဝင်ပါတီများ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင်ခွင့် ရှိပြီ ဖြစ်ကြောင်း တရားဝင် မကြေငြာပါဘဲ နှင့်  ယခုကဲံသို့  မြို့ လည် ခေါင်တွင် ဗြောင်ကျကျ လုပ်ဆောင်လျှက် ရှိနေပါတယ်။

အဆိုပါ “ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့်လှစ် သည့်နေရာမှာ ဦးဝင်းဇော် ဆိုသူ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက်၊ ပခုက္ကူမြို့ မှာ ဖြစ်ပါတယ်။

၎င်း ဦးဝင်းဇော် ဟာ အမတ်အဖြစ် အရွေးခံမည့်သူ ဖြစ်ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း၊ ဆီစက် ပဲခွဲစက်များ တွင်လည်းကောင်း ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ခြေအနေမကောင်း ရာကနေ ယခုအခါတွင် ဘောလုံးပွဲ ၂ - ၃ လုံးထီ ဒိုင်ဖွင့်လှစ်ကာ နအဖများနှင့် ပူးပေါင်းကာ စီးပွားရေးသောင်းကျန်းနေသူ ဖြစ်ပါတယ်။

ဓါတ်ပုံထဲတွင် မတ်တပ်ရပ် စကားပြော နေသူမှာ ဦးတင်မြိုင် ဆိုသူ ဖြစ်ပြီး တ စ ည ပါတီဝင်ဟောင်းတဦး ဖြစ်ပါတယ်။

အဲ့ဒီ နအဖဘက်တော်သားများရဲ့ အခမ်း အနားမှာ တက်ရောက်ခဲ့သူတွေကို ကြည့်ရင် ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက်ထဲမှ ရဲများနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်ပါတယ်။

နအဖဘက်တော်သားများက အခုလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အလံ နှစ်ခု တို့ကို အလွဲသုံးစားလုပ်ခြင်း၊ “ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဟု ဆိုကာ ရုံးခန်းဖွင့် လှစ်ခြင်း ၊ အစည်းအဝေး ခေါ်ယူခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို တရားမ၀င်ပြုလုပ်နေခြင်းကို နအဖက မသိကျိုးကျင် မမြင်ခြင်ယောင်ဆောင်ကာ အရေးယူမှု လုံးဝမရှိဘဲ ဗြောင်ကျကျ လုပ်ဆောင်နေခြင်းသည် နအဖဘက်တော်သားများနှင့် နအဖတို့ ၏ ထင်ရာစိုင်းသည့် ဥပဒေအထက်မှ လုပ်ရပ်များ ဖြစ်ပါတယ်။

အခြားတစ်ဘက်တွင်မူ နအဖမှ တရားဝင်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများကိုမူ အကြောင်းပြချက်မရှိဘဲ အချိန်ကာလ ကြာမြင့်စွာ ပိတ်ထားခဲ့ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပွင့်ဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ ဆိုင်းဘုတ်အား ဖြုတ်ချခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တရားဝင်ထုတ်ပြန်သော ကြေငြာချက်များ စာရွက်စာတမ်းများကို ဖြန့် ဝေခြင်းမပြုရန် ပိတ်ပင်တာဆီးခြင်းတို့ ပြုလုပ်နေမှုကို ယခု နအဖဘက်တော်သားများ၏ တရားမ၀င် လုပ်ဆောင်နေမှုများအား ခွင့်ပြုထားမှုများနှင့် နှိုင်းယှဉ်ကြည့်ပါက နအဖဟာ သိက္ခာမဲ့သော၊ ဥပဒေအား လိုရာ၌သာ လိုသလို သုံးသော၊ တရားမျှတမှု လုံးဝ မရှိသော၊ အာဏာတည်မြဲရေးအတွက် ထင်ရာစိုင်းနေသော ဥပဒေအထက်မှ ဖောက်ပြန်သူများသာ ဖြစ်ပါတယ်။

အဆိုပါ အလံသူခိုး နအဖဘက်တော်သားများအား ပြည်သူအပေါင်းမှာ ၀ိုင်းဝန်းရှုတ်ချ ဆန့်ကျင်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
နစ်နေမန် မှ ရယူသည်။

0 comments:

Post a Comment