Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ကိုဒေါင်းတမာန်ရဲ့ ကဗျာလေးပါ

တိုက်ဆိုင်သူများသို့ 
စကားတွေ စကားတွေ
ကြားလေလေ ခါးလေလေ ဘဲ
ဓါးတုန်းတုန်းနဲ့ ကြိတ်လှီးတောင် ကျုပ်နာမယ်မထင်
ဒါပေမယ့်ခင်များစကားတွေ က
တခုခုကိုဖမ်းစားနေတဲ့  ကဝေမလေလား။

ငွေလိုချင်သလား၊ ရွှေလိုချင်သလား
သေချာပါတယ် ကျွန်တော့ခန္ဒာကိုတော့ ခင်များ မကြိုက်တာ
တနှစ်တခါ လာလာနေကျ ခင်များမျက်နှာ
အိုအိုလို့ သာသွားပေမယ့်
စကားချိုချိုကြားရတာက အရင်အတိုင်းဘဲ။

စနစ်ဟောင်းတွေဘေးဖယ် ခေတ်ပြောင်းဖို့ တွေးတယ်
ဒီအကြောင်းတွေသာကြားရ တ၀ဲဝဲလည်နေတဲ့ ခင်များစကား
မိုက်ကယ်ဂျက်ဆင် မွန်းဝေါ့လ်(ခ်)လို အရှေ့ တိုးချင်သလိုလိုနဲ့ 
အနောက်ကိုရွေ့ သာသွားတဲ့ 
ပြောင်းပြန်တော်လှန်ရေးသမားတော့
ကန်တော့ဆွမ်းပါ။
ဒေါင်းTM

0 comments:

Post a Comment