Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

seven july အထိမ်းအမှတ်ဆန္ဒပြပွဲ 7 july 2009 တိုကျိုမြို့

အာဏာရှင်အုပ်စုကို အဓိက ဆန့်ကျင်အံတုသူများ စုဝေးရာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။ အာဇာနည်တို့ရဲ့ အသက်ပေါင်းများစွာ စတေးခဲ့ရတဲ့ နေ့တစ်ရပ်ဖြစ်ပါသည်။ ၈ ရက်နေ့ မနက်စောစောတွင် ကျောင်သားသမဂ္ဂ အဆောက်အဦးကို အာဏာရှင်အုပ်စုဟာ ဒိုင်းနမိုက်နဲ့ ဖြိုခွင်းဖျက်ဆီးခဲ့ပါသည်။

ဤကျောင်းသား အာဇာနည်တို့ကို လေးစားဂုဏ်ပြုသောအားဖြင့် seven july အထိမ်းအမှတ်ဆန္ဒပြပွဲ 7 july 2009 တိုကျိုမြို့ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လည် ၃းဝဝ နာရီတွင် စတင်ပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား ၂၅ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။
ဆန္ဒပြပွဲအခမ်းအနားမှူးအဖြစ် ကိုမြတ်သူ (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ)က ဆောင်ရွက်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ အတွင်းရေးမှူး ကိုသောင်းမြင့်ဦးမှ အာဏာရှင်စနစ် နှင့် ခွပ်ဒေါင်းစိတ်ဓါတ် ၏အဓိပ္ပါယ်ကွဲပြားခြားနားပုံ ကို၎င်း၊ အလင်းအိမ်စာစောင်မှ ကိုရဲငြိမ်းမှ ဇူလိုင်(၇)ရက်သမိုင်း အကျဉ်းချုပ်ကို၎င်း၊ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုမောင်မောင်လှ ၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ မှ ကိုဖုန်းမြင့်ထွန်းတို့မှ ကျောင်းသားများအခန်းကဏ္ဍနှင့် ပတ်သက်၍၎င်း၊ လက်ရှိခေတ် လူငယ်ကဏ္ဍကို မကြည်ပြာဇော်ဝင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဂျပန်ဌာနခွဲ) မှ၎င်း၊ တိုင်းရင်းသားများနှင့်ပတ်သက်၍ ကိုမိုင်ကျော်ဦးက၎င်း၊ ကိုမြင့်ဆွေ(မြန်မာ့အလုပ်သမားသမဂ္ဂ)မှ အလုပ်သမားအရေးတော်ပုံသမိုင်း ကို၎င်း ကိုယ်စားပြုပြောကြားသွားခဲ့ပြီးနောက် အာဟာရစာစောင်မှ ကိုသက်လင်းက ကိုကျော်ကျော်ကို (ဗကသအဖွဲ့ချုပ်)၏ ကဗျာကို ကိုယ်စားဖတ်ကြားပေးခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှဒေါ်သန်းသန်းအေး က ကျောင်းသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းကို နအဖ အခွန်ရုံးအဝင်တံခါးဝ တွင်ထားရှိခဲ့ပြီးနောက် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ ညနေ ၄နာရီခွဲတွင် အခန်းအနား ပြီးဆုံးခဲ့ပါသည်။ အချက်အလက်များ ကိုစိုးအောင်ဝင်း ( NLD LA JB ပြန်ကြားရေးအဖွဲ့ဝင်)ထံမှ ရယူသည်။

0 comments:

Post a Comment