Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

မြောက်ကိုရီးယားသင်္ဘော ပြည်တော်ပြန်ပြီလား

Wednesday, 01 July 2009
ကိုထွေး။ ။ဧရာဝတီ
မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းနေသည်ဟု သတင်းထွက်နေသော မြောက်ကိုရီးယား Kang Nam 1 သင်္ဘောသည် လာရာလမ်း အတိုင်း ပြန်လည် ဦးလှည့်နေပြီ ဖြစ်ကြောင်း အမေရိကန် စစ်အရာရှိများက သတင်းဌာနများကို ပြောကြားလိုက်သည်။
သံသယဖြစ်ဖွယ် မြောက်ကိုရီးယားသင်္ဘော Kang Nam 1 (ဓာတ်ပုံ - AP)
ယင်းသင်္ဘောသည် မည်သည့် ဒေသသို့ သွားရောက်မည်ကို မသိရကြောင်း၊ ယမန်နေ့က တရုတ်နိုင်ငံ၊ ဟောင်ကောင်ကျွန်း တောင်ဘက် မိုင် ၂၅၀တွင် ရောက်ရှိနေကြောင်း အမေရိကန်တို့က ဆိုသည်။ ယခုအခါတွင် မြောက်ဘက်သို့ ခုတ်မောင်းနေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားသည် မေလက နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ်ပြီး အရေးယူခဲ့သည်။

ယင်းဆုံးဖြတ်ချက် ၁၈၇၄ အရ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကိုမဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးနိုင်ခွင့်ရှိသည်။


“တကယ်လို့ ဒီသင်္ဘောဟာ သူ့လမ်းအတိုင်း ပြန်လှည့်သွားပြီဆိုရင် ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ က ထိရောက်တယ်လို့ ဆိုရမှာပါ” ဟု ကိုရီးယား ကာကွယ်ရေးဆိုင်ရာလေ့လာရေးအဖွဲ့ (KIDA) ဒု ဥက္ကဌ ကင်တေ၀ူးက Korea Herald သတင်းစာ သို့ ပြောပြသည်။

မြောက်ကိုရီးယား Kang Nam 1 သင်္ဘောသည် ဇွန်လ ၁၇ ရက်နေ့ကတည်းက မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး မြန်မာပြည်သို့ ဦးတည်လာသည်ဟု ခန့်မှန်းရကြောင်း၊ ယင်းသင်္ဘောပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားနိုင်သည်ဟု လေ့လာသူများက ယူဆခဲ့ကြသည်။

အမေရိကန် စစ်သင်္ဘောတစီးကလည်း ယင်းသင်္ဘောကို နောက်ယောင်ခံ လိုက်လျက်ရှိသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက နျူကလီးယားလက်နက် စမ်းသပ်သည့် မြောက်ကိုရီးယားကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရန် သဘောတူ ဆုံးဖြတ်ပြီး နောက်ပိုင်း ယင်းသင်္ဘောသည် ပထမဆုံး အကြိမ် စောင့်ကြည့်ခံရသည့် သင်္ဘော ဖြစ်သည်။

စစ်အစိုးရက ထိုသင်္ဘောနှင့် ပတ်သက်ပြီး မသိရှိကြောင်း ငြင်းဆိုထားသည်။

ပြည်ပ သတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ သတင်း တစုံတရာ မရရှိကြောင်း၊ သို့သော်လည်း ဆန်တန်ချိန် ထောင်ပေါင်းများစွာ သယ်ဆောင်မည့် မြောက်ကိုရီး ယား ကုန်တင် သင်္ဘောတစီး မြန်မာပြည်သို့ လာရောက်မည်ဟု အစိုးရ၏ သတင်းဌာနက ဖော်ပြခဲ့သည်။ ဆန်တင်သင်္ဘော ရောက်မည့် ခန့်မှန်းရက်မှာ ဇွန် ၂၇ ရက်ဟု ဆိုသော်လည်း ရန်ကုန်သို့ ဆိုက်ကပ်သည့် သတင်းကို ယနေ့အထိ မကြားရသေးပေ။

0 comments:

Post a Comment