Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်း (2009-july-19 in Tokyo)

ယနေ့ ၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုအရေး လုပ်ဆောင်နေကြသူများမှ
* ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်လှူတန်းခြင်း၊ ရေစက်ချတရားနာခြင်း၊ အစီအစဉ်-
* အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအစီအစဉ်-
* ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ မြန်မာဒီမိုသမားများမှ သွားရောက် ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေး ဟောပြောပွဲအစီအစဉ်-
စသည်တို့ကိုမှတ်တမ်းတင် တင်ပြအပ်ပါသည်။
ဦးစွာပထမအဖြစ် ကျဆုံးသွားခဲ့ကြသည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းပြည်အာဇာနည် (၉)ဦး တို့အတွက်ရည်စူး၍ ကောင်းမှုကုသိုလ်ပြုဆွမ်းကပ်လှူတန်းခြင်း၊ ရေစက်ချတရားနာခြင်း၊ အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) မှဦးစီးပြီး တိုကျိုမြို့အနောက်ဘက် Naka Itabashi အရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။ နံနက် ၁၀း၀၀ နာရီမှ နေ့လယ် ၁း၀၀ အထိပြုလုပ်ခဲ့သော အဆိုပါကောင်း မှုကုသိုလ်ပြုပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအဖွဲ့ အသီးသီးမှတက်ရောက်ခဲ့ကြသည်။

၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲအစီအစဉ်ကိုတော့ ဂျပန်နိုင်ငံအခြေစိုက် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)မှ ဦးစီးပြီး ၁၉ ဇူလိုင် မမေ့နိုင် ခေါင်းစည်းဖြင့်ပြုလုပ်ခဲ့ကြသည်။

အဆိုပါဟောပြောပွဲ အစီအစဉ်ကို နံနက် ၉း၀၀ နာရီမှ နေ့လယ် ၁၂း၀၀ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုကျိုမြို့ မြန်မာလူမျိုးအများစု စုဝေးနေထိုင်ရာ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားညီအကိုမောင်နှမများမှ ၄င်းတို့လေ့လာသိရှိထားသမျှကို ပြောခဲ့ကြကြောင်းသိရှိရသည်။

မြန်မာ့ပြည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီးဇူစူးကီး (မြန်မာအမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စူမြို့တွင်တည်ရှိသည့် `ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ`ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ မြန်မာဒီမိုသမားများမှ သွားရောက်ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေး ဟောပြောခဲ့ကြကြောင်းလည်း သိရှိရသည်။

အဆိုပါခရီးစဉ်ကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ (ဂျပန်ဌာနခွဲ)တို့မှ ဦးဆောင်၍ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။

သတင်းရေးသားပေးပို့သူများ-
နန်းအိမွန်ချစ်၊ စိုးအောင်ဝင်း(NLD-LA JB)

မှတ်တမ်းဓါတ်ပုံပေးပို့သူများ-
စိုးအောင်ဝင်း(NLD-LA JB)၊ ကိုမောင်မောင်ကြီး

0 comments:

Post a Comment