Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဂျပန်ရောက် မြန်မာများစုပေါင်းပြီး တည်ထောင်ထားသည့် HRDP ကျောင်းမှ အန်တီစုမွေးနေ့ အထိမ်းအမှတ် အလှူပွဲကျင်းပခဲ့

မဲဆောက်မှာ ဂျပန်ရောက် မြန်မာများ စုပေါင်းပြီး မြန်မာပြည်သားများ အတွက် အင်္ဂလိပ်စာ၊ ထိုင်းစာ၊ ကွန်ပျူတာ၊ စသည့်သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးတဲ့ ကျောင်းတခု တည်ထောင် ထားပါတယ်။ ကျောင်းရဲ့နာမည်က HRDP လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လို့ နာမည်ပေး ထားပါတယ်။ ဖွင့်တာက လေးငါးနှစ်ရှိသွားပါပြီး။ အခု ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်မွေးနေ့ အလှူအဖြစ် HRDP က ဦးစည်သူနဲ့ ဂျပန်ရောက်မြန်မာများ စုပေါင်းပြီး ဇွန်လ ၁၄ ရက်နေ့တွင် မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ပန်းကံ့ကော်အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံရေး အကျဉ်းသားသမဂ္ဂ (BPPU) ၊ ချစ်ထွန်းအထည်ချုပ် အလုပ်သမားများ၊ ပန်းရံ အလုပ်သမားများ၊ စသည်တို့ကို ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ များကို ပေးအပ်လှူဒါန်း ခဲ့ကြသည်ဟု သိရှိရပါသည်။ လာမယ့် ၂၀ရက်နေ့ စနေနေ့မှာလည်း မဲဆောက်ရေပူစမ်းအနီး မဲ့ကစာဘုရား ဘုန်းကြီးကျောင်းဝင်းအတွင်း HRDP မှ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နောက်ထပ် ပေးဝေလှူဒါန်းသွားဦးမည် ဖြစ်ကြောင်း သတင်းရှိပါသည်။ မဟာမေသတင်းအဖွဲ့ မှသတင်းရယူပါသည်။

0 comments:

Post a Comment