Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း အလှူကို အားပေးသူနည်းပါး

စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိနေစဉ် မြင်းခြံသံဃာတော်များအား ယနေ့နံက် အာရုဏ် ဆွမ်းလောင်းရာ ကြွနေကျ သံဃာတော်ဦးရေ၏ တဝက်ခန့်သာ ဆွမ်းလက်ခံကြောင်း မြို့ခံသံဃာ တပါးကမိန့်သည်။

မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ‘ပုညသဟာယ နေ့စဉ်ဆွမ်းလောင်းအသင်း’ ၏ အာရုဏ်ဆွမ်းလောင်းပွဲသို့ ပုံမှန်အားဖြင့် သံဃာတော် အပါး (၇ဝဝ) ကျော်ရှိသော်လည်း ယနေ့နံက်တွင်မူ ပတ္တနိကုဇ္ဇန ကံဆောင်ထားသည့် သံဃာအများစုကြွရောက်ခြင်းမရှိပဲ အပါး (၃၀၀) ခန့်သာ ဆွမ်းခံမကြွခြင်းဖြစ်ကြောင်း မြို့ခံသံဃာက မိန့်သည်။

“ဦးဇင်းတို့ကတော့ မကြွဘူး။ မသိနားမလည်တဲ့ တောထွက်တွေတို့၊ ကိုရင်အငယ်လေးတွေ လောက်ပဲကြွပါတယ်။ ဒီမနက် သွားလေ့လာတော့ သံဃာ ၂၅၀-၃၀၀ နီးပါးလောက်ပဲ ကြွတာတွေ့ရတယ်။ မြင်းခြံမှာက တတ်သိနားလည်တဲ့ သက်လတ်ပိုင်း မှန်သမျှက တော်တော်များများ ကံဆောင်ထားတယ်။ ” ဟု အဆိုပါ သံဃာက မဇ္ဈိမသို့ မိန့်သည်။

ဆွမ်းလောင်းအသင်း၌ မည်သူမဆို တနေ့တဦးကျ ကုသိုလ်ရှင်အဖြစ် တာဝန်ယူလေ့ရှိပြီး ဝန်ကြီးဦးအောင်သောင်းသည် ယနေ့ ဆွမ်းလောင်းမည့်အကြောင်း ကြိုတင် ကြေညာထားသည်ကို သံဃာတော်များက မနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အာရုဏ်ဆွမ်းလောင်းပွဲသို့ ကိုးဆောင်စာသင်တိုက်မှ သံဃာအများစုအပါအဝင် တိုက်ကုန်းကျောင်း၊ ဆုတောင်းပြည့်၊ ဌေးပရိယတ္တိ စသည့် စာသင်တိုက်များမှ သံဃာများလည်း ဆွမ်းခံလေ့ရှိသည်။

ဦးအောင်သောင်းသည် ယမန်နေ့ကလည်း ကူရာ၊ ကွမ်းစိုက်၊ ရွာစည်၊ ဆားခါး၊ တောင်ရှေ့၊ ဂွေးပင်ရိုးရွာ၊ သစ်ရုံ၊ ထိန်ပန်း၊ လယ်သစ်၊ ကျောက်ပြုတ်၊ သစ်ပင်ရှည်၊ စံပြ စသည့် မြင်းခြံဝန်းကျင်မှ ရွာများမှ ရွာသူရွာသားများအား မြင်းခြံမြို့ အထက (၁) အထက်တန်းကျောင်း၌ ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက်ရန် “အတင်းအဓမ္မ” ခေါ်ယူခဲ့သော်လည်း တက်ရောက်သူ နည်းပါးကြောင်း မြို့ခံတဦးက ပြောသည်။
မဇ္ဈိမ မှ သတင်းရယူသည်။

0 comments:

Post a Comment