Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ထူးကုမ္ပဏီမှ စိုက်ပျိုးရေးစရိတ်များ ထုတ်ချေးမည်ဟု ဆိုသော်လည်း

လယ်တဧကကို ငါးသောင်းထုတ်ချေးမယ်၊ စပါးပေါ်တဲ့အခါမှာ သူတို့ကို စပါးရောင်းရမယ်၊ ဒေသကာလပေါက်ဈေးနဲ့ ဝယ်မယ်ပြောတယ်၊ မရောင်းချင်ရင် ၂ ကျပ်တိုးနှုန်းနဲ့ ပြန်ဆပ်ရမယ်၊ ဆန္ဒရှိရင် ဆောင်ရွက်နိုင်တယ်ပြောတယ်၊ ဒါပေမဲ့ လယ်သမားတွေက ပြန်မဆပ်နိုင်ရင် လယ်သိမ်းမှာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

ယင်းကဲ့သို့ ငွေချေးရန်အတွက် ထူးကုမ္ပဏီက ငွေကျပ်သိန်းပေါင်း ၅ သောင်းရင်းနှီးမတည်မည်ဖြစ်ပြီး ပထမအရစ်အနေဖြင့် ကျပ်သိန်း ၃ သောင်းကို ထုတ်ချေးပြီး ကျပ်သိန်း ၂ သောင်းကို ဒေသတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်များကို အစုဝင်များအဖြစ် ပါဝင်မည်ဖြစ်သည်ဟု ဆက်ပြောသည်။

အဆိုပါ ထူးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာတဦးက ဘိုကလေးမြို့ ပညာရေးကောလိပ် ကျောင်းဝန်းအတွင်း ရုံးထိုင်ကာ ငွေချေးမည့်ကိစ္စများကို စီမံခန့်ခွဲ့သွားမည်ဖြစ်ပြီး ကြိမ်ချောင်းကြီး ကျေးရွာအုပ်စုများကို ပထမဦးစားပေးအနေဖြင့် စတင်လုပ်ဆောင်မည်ဖြစ်သည်။

စာချုပ်တွေ ချုပ်ပြီးရင် သူတို့ ဆင်းကြည့်မယ်၊ သူတို့နဲ့အဆင်ပြေတဲ့သူကို ပေးမှာ၊၊ အဲလို ကုမ္ပဏီအနေနဲ့ ဘာကြောင့် အစိုးရဌာမှာ ရုံးထိုင်ခွင့်ရသလဲဆိုတာကလည်း ကျနော်တို့အတွက် စဉ်းစားစရာဖြစ်နေတယ်၊ ငွေချေးမဲ့သူက အခု လျှောက်လွှာတင်လို့ရပြီ၊ ကြိမ်ချောင်းကြီးမှာ သူတို့အထိုင်ချပြီး မြို့ကွက်ဖြစ်ဖို့ လုပ်နေတာလဲရှိတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ကာ ဘိုကလေးမြို့နယ်သို့ အနောက်တောင်တိုင်း တိုင်းမှူးနှင့် ဝန်ကြီးတို့ ဦးဆောင်ကာ ထူးကုမ္ပဏီတာဝန်ရှိသူများက ဒေသခံလယ်သမားများကို ဆင့်ခေါ်ပြောဆိုခဲ့သည်။
အပြည့်အစုံကဒီမှာပါ

1 comments:

မဆုမွန် said...

ချစ်တီးတွေ ထက်ဆိုးသွမ်းတော့မည်ဟု မြင်နေသည်..
သို့သော်လည်း..

သူတို့မှ တပါး မရှိလို့ ရှေ့တိုး ထမ်းပိုး နောက်ဆုတ်ရင်လဲ.....

လယ်သမားတွေသည် မြန်မာတပြည်လုံးရဲ့ ထမင်းရှင်များဖြစ်သည် ဆိုနိုင်သောကြောင့် ထမင်းရှင်တွေရဲ့ ဘ၀ပျက်လုခမမ်း ဒုက္ခဆင်းရဲအကျပ်အတည်းကြမ်းက အမြန်ဆုံး လွတ်မြောက်နိုင်အောင် ၀ိုင်းကြိုးစားပေးကြရင် ကောင်းမယ်လို့ထင်ပါတယ်.

9 June 2009 at 20:07

Post a Comment