Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမား (၂) သန်းကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ (၁) ရက်နေ့မှ စတင်ကာ အလုပ်လုပ်ခွင့်လက်မှတ်များ ပြုလုပ်ပေးတော့မည်ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားအလုပ်သမား (၂) သန်းကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး တနှစ်သက်တမ်းအတွက် လူတဦးလျှင် ဘတ်ငွေ (၃,၈၀၀) ကုန်ကျမည်ဖြစ်ကာ အလုပ်ရှင်နှင့်အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သွားရောက် ပြုလုပ်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ကိုထွေးနိုင်က “ထိုင်းမှာ ရောက်ရှိနေတဲ့ မြန်မာတွေအနေနဲ့ အလုပ်သမား လက်မှတ် ရှိထားမယ်ဆိုရင် ကျန်းမာရေးကိစ္စ၊ သွားရေးလာရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုရာမှာ အထောက်အကူပိုရမှာ ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် သွားလုပ်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိသူများသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း အလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် အနိမ့်ဆုံးလုပ်အားခ တနေ့လျှင် (၁၅၁) ဘတ်နှင့် အချိန်ပိုကြေး တနာရီလျှင် (၂၈.၃၁) ဘတ် လုပ်အားခ နှုန်းထားများကို ခံစားခွင့်ရှိသည်။

မြန်မာအလုပ်သမားတဦးဖြစ်သူ ကိုညီညီက “လက်မှတ်ရှိတော့ နေထိုင်မကောင်းဖြစ်တာတို့၊ ကလေးမီးဖွား တာတို့ဆိုရင် မဲဆောက်ဆေးရုံကြီးမှာ ဘတ် (၃၀) နဲ့ ဆေးကုသခွင့်ရှိတယ်။ သွားရေးလာရေးမှာလည်း ပုလိပ်ကြောက်စရာမလိုဘူး။ အလုပ်ရှင်ကလည်း ကိုယ့်ကို မတရားလုပ်လို့မရဘူး။ ဒါကြောင့် ဒီလက်မှတ်ကို လုပ်သင့်တယ်” ဟု ပြောသည်။

ယခုအသစ်ပြုလုပ်ပေးမည့် အလုပ်သမားလက်မှတ်ကို သက်ဆိုင်ရာလုပ်ငန်းအလိုက် အရောင် (၇) မျိုး ခွဲခြားပေးမည် ဖြစ်ပြီး (၁) နှစ်စာ၊ (၉) လစာ၊ (၆) လစာ၊ (၃) လစာဟူ၍ ပြုလုပ်ပေးမည်ဖြစ်ပြီး အလုပ်သမား လက်မှတ်ခကို သတ်မှတ်အချိုးတိုင်း ပေးချေရမည်ဖြစ်သည်။ (၁) နှစ်လက်မှတ်နှင့် (၉) လ လက်မှတ်နှစ်မျိုးသာ အလုပ်သမားကတ် ရရှိမည်ဖြစ်ပြီး ကျန် (၆) လနှင့် (၃) လ လက်မှတ်များမှာ ကတ်ပြားမရဘဲ ငွေသွင်းပြေစာသာ ကိုင်ဆောင်ခွင့်ရမည်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသအတွင်း အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူများ၏ လက်မှတ်သက်တမ်း တိုးရက်ကို ဇွန်လ (၁) ရက်မှ (၃၀) ရက်အထိ ပြုလုပ်ပေးပြီး မဲဆောက်ဆေးရုံတွင် သွေးစစ်ကာ အလုပ်သမား လက်မှတ်ကို မဲဆောက်အလုပ်သမားရုံးတွင် သက်တမ်းတိုးပေးလျက်ရှိသည်။
ခေတ်ပြိုင် မှ ရယူပါသည်။

0 comments:

Post a Comment