Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ဂျပန်ရောက် မြန်မာများ အန်တီစု (၆၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ

ဇွန်လ၊ ၁၄ ရက်နေ့၊ ညနေ ၆ နာရီမှ ည ၉း၃ဝ အထိ ဂျပန်နိုင်ငံ Tokyo မြို့၊ Minami Otsuka ခမ်းမတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ဂျပန်ရောက် နိုင်ငံရေးသမားများ၊ ဒေါ်အောင်ဆန်းစုကြည် ကို ချစ်မြတ်နိုးသော ဂျပန်လူမျုးများ၊ နိုင်ငံခြားသားများ စုစုပေါင်း လူဦးရေ ၆ဝဝ ခန့် တက်ရောက်အားပေးခဲ့ကြပါသည်။ ဇွန်လ(၁၉)ရက်နေ့တွင် (၆၄)နှစ်ပြည့် ကျရောက်မည် ဖြစ်သော်လည်း အားလုံးစုံညီစွာ တက်ရောက်နိုင်စေရန် အတွက် တနင်္ဂနွေနေ့ ဖြစ်သော ဇွန်လ၊ ၁၄ ရက်နေ့တွင် ကြိုတင်ပြုလုပ်ရခြင်း ဖြစ်ကြောင်း NLD LA JB မှ အလုပ်အဖွဲ့ ဝင် တစ်ဦးမှ ရှင်းပြခဲ့ပါသည်။

လာမည့် ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၄)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုချစ်မြတ်နိုးကြသော ဂျပန်နိုင်ငံရောက် မြန်မာများမှ ကောင်းမှု ကုသိုလ်ပြုပွဲများ ထပ်မံ ပြုလုပ်ပေးခြင်း၊ အလှူအတန်း ပြုလုပ်ကြခြင်းများ ဆောက်ရွက်ကြမည်ဟုသိရသည်။

အဆိုပါလှူဒါန်းမှုအတွက် ဂျပန်နိုင်ငံ တာဝန်ခံတဦးဖြစ်သည့် မိုးသောက်ကြယ်စာကြည့်တိုက်မှ ဒေါ်တင်တင်ဝင်းမှ ``ကျမတို့ချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နှင့် မတရားသဖြင့်နေအိမ် အကျဉ်းချချုပ်နှောင် ခံနေရခြင်းမှ အမြန်ဆုံးလွှတ်မြောက်ဖို့ရည် ရွယ်၍ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ပြောပြသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ (AKIHABARA) ရက်ကွက်ရှိ၊ Kanda ချောင်းတွင် ဇီဝိတဒါနငါး လွှတ်ခြင်းနှင့် အဆိုပါရက်ကွက်ရှိ ဆေးခန်းတွင် သွေးလှူဒါန်းခြင်း များကို နှစ်စဉ်ပြုလုပ်ခဲ့ကြသည်မှာ ဟု ယခုနှစ်နှင့်ဆိုလျင် ၈ နှစ်ရှိ သွားပြီဖြစ်ကြောင်း ဒေါ်တင်တင်ဝင်း မှဆက်လက်ရှင်းပြသည်။

ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများကို ဆန်၊ ဆီ၊ ဆား အစရှိသဖြင့် အစားအသောက်များပေးဝေလှူဒါန်း မှုများပြုလုပ်မည်ကြောင်း၊ ဤအစီရင်ခံစာရေးနေသည့် နောက်ဆုံးအေခြအနေထိ အလှူငွေလက်ခံရရှိမှုအနေအထားမှာ စုစုပေါင်း ထိုင်းဘတ်ငွေ (317,599.12) အား ဘဏ်စာရင်းအရသိရှိရပြီး ၀ယ်ယူထားရှိမှု အခြေအနေများအား ပူးတွဲပါ (Project Expenditure Control) အသုံးစရိတ်အစီရင်ခံစာဖြင့် တင်ပြထားပါသည်။
အခြားအစီအစဉ်များအား http://www.moethaukkye.co.cc/ တွင် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment