Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း နှင် ဂျပန်ရောက် မြန်မာနိုင်ငံရေးသမားများ တွေဆုံ

ဇွန်လ ၁၀ ရက်နေ့တွင် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှုးကျင်းပသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ၊ သတင်းသမားများ အမြန် လွတ်မြောက်ရေး ဓာတ်ပုံပြပွဲ နှင့် သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ နေ့လည် ၁နာရီခန့်က ဂျပန်လွှတ်တော် အဆောက်အဦး အမှတ် ၂ ၌ကျင်းပပြုလုပ်ရာ မြန်မာ့အရေး ဆောင်ရွက်နေသော ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂမှလွှတ်တော်အမတ်များ၊ သတင်းဋ္ဌာန အသီးသီးမှ သတင်းမီဒီယာသမားများ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ မြန်မာ့အရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံရေးသမားမှ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဂျပန်နိုင်ငံသားများ၊ လွှတ်တော်အမတ်များနှင့် သတင်းမီဒီယာသမားများ ပိုမိုသိရှိနားလည်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ဂျပန်လွှတ်တော်အမတ် မစ္စတာ YOSHINORI SUEMATSU နှင့်မစ္စတာ AZUMA KONNO တို့ကလည်း မြန်မာ့ဒီမိုကရေစီရရှိရေးဘက်မှ ထောက်ခံပြောကြားခဲ့ကြပါသည်။
အပြည့်အစုံကဒီမှာပါ

0 comments:

Post a Comment