Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

May 18 မှ May 19 ထပ်မံရုံးချိန်းလိုက်၊ လူထု (၁,၀၀၀) ကျော်က အင်းစိန်ထောင်ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေ

အဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုကို မနက်ဖြန်တွင် ဆက်လက်စစ်ဆေးလိမ့်မည်ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ချခံထားရစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း အမေရိကန်နိုင်ငံသား တဦး ရေကူးဝင်ရောက်ခဲ့ပြီးနောက် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ပုဒ်မ (၂၂) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ အစိုးရဘက်က ရဲမှူးကြီးက တရားသူကြီးထံ စတင်အမှုစွဲတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေအဖြစ် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါတယ်။ အစိုးရဘက်က တရားလိုပြသက်သေ (၂၂) ဦးရှိပါတယ်။ ဒီနေ့တရားစတင်စွဲဆိုတာနဲ့ တရားလိုရဲမှူးကြီးကို ဒီဘက်ကရှေ့နေတွေက ပြန်လည်မေးမြန်းတာလောက်ပဲပြီးပါတယ်။ မနက်ဖြန်ကို ထပ်ပြီးရုံးချိန်းလိုက်ပါတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကိုလည်း ရုံးထုတ်ခဲ့ရာ ရှေ့နေ ဦးခင်မောင်ဦးက အမှုလိုက်ရှေ့နေအဖြစ် ဆောင်ရွက်သည်။
နအဖစစ်အစိုးရဘက်မှ တရားလိုပြသက်သေ (၂၂) ဦးတင်ထားရာ (၂၁) ဦးမှာ အစိုးရ၀န်ထမ်းများဖြစ်ပြီး (၁) ဦးသာ အရပ်သားဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အမှုကို ယနေ့နံနက် (၁၀) နာရီတွင် စတင်တရားစွဲတင်လိုက်ပြီး ညနေ (၂) နာရီခွဲတွင် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားစဉ် နိုင်ငံခြားသားတယောက် နေအိမ်အတွင်း ၀င်ရောက်ခဲ့ ခြင်းမှာ အစိုးရ၏လုံခြုံရေးညံ့ဖျင်းမှုကြောင့်ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံတရားစွဲဆိုလိုက်သည့် အတွက် ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားနေသူများက မြန်မာသံရုံးများရှေ့တွင် ဆန္ဒပြပွဲများ စတင်ပြုလုပ် နေကြသည်။
ပြည်တွင်း၌လည်း ပြည်သူလူထု (၁,၀၀၀) ကျော်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသည့် အင်းစိန်ထောင်ရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စတင်လိုက်ကြပြီဖြစ်သည်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်မှ ၁၉၉၅ ခုနှစ် ဇူလိုင်အထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာမှ ၂၀၀၂ ခုနှစ် မေအထိတကြိမ်၊ ၂၀၀၃ ခုနှစ် မေမှ ယခုအချိန်အထိ နအဖစစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

0 comments:

Post a Comment