Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွါးခဲ့

ဘင်္ဂလား ပင်လယ်အော်အတွင်း ဗဟိုပြု တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် မေလ ၂၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ထိုသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ နေရာအနှံ့အပြားရှိ လမ်းမကြီးများနှင့် ရပ်ကွက်များတွင် ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ရေလျှံနေသော ရန်ကုန်မြို့လယ် မြင်ကွင်း တနေရာ။ ဓါတ်ပုံ - မဇ္ဈိမ။

ရေလျှံနေသော ရန်ကုန်မြို့လယ် မြင်ကွင်း တနေရာ။ ဓါတ်ပုံ - မဇ္ဈိမ။

ရန်ကုန်မြို့ နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အနက် ယာဉ်အသွား အလာများ ပိတ်ဆို့သွားသည်အထိ ဆိုးရွားစွာ ရေလျှံခဲ့သော နေရာများမှာ ပြည်လမ်းမကြီးပေါ်ရှိ ကုန်းမြင့်သာယာ ကုန်းဆင်းနှင့် ၇ မိုင်ကြား၊ ကမာရွတ်မြို့နယ်ရှိ ဗဟိုလမ်းမပေါ်၊ မဟာဗန္ဓုလမ်းမပေါ် ပန်းဆိုးတန်း ကားမှတ်တိုင်ပတ်ဝန်းကျင်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၊ ယုဇနပလာဇာရှေ့နှင့် တာမွေပလာဇာရှေ့၊ လေးထောင့်ကန်လမ်းမပေါ် သင်္ဃန်းကျွန်း ဈေးအနီး၊ ကန်တော်ကလေး မြန်မာ့ဂုဏ်ရည် လမ်းမတို့ ဖြစ်သည်။
mizzimaburmese.com မှ ရယူပါသည်။

0 comments:

Post a Comment