Now Loading......
Information & Technology Network (ITN) is an open group.
IT knowledge sharing, Solving IT problem (proxy, virus, password recovery, etc;) Questions and Answers for Myanmar (Burma) young peoples.
Please Join with ITN
If you don't listen to radio, click to stop. Thank you !

နိုင်ငံခြား သတင်းထောက် ၅ ဦးနှင့် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း သတင်းထောက် ၅ ဦးတို့ကို ယနေ့ တရားရုံးသို့ ၀င်ခွင့်ပြုလိုက်ကြောင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး သတင်းရယူရန် အတွက် နိုင်ငံခြား သတင်းထောက် ၅ ဦးနှင့် ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်း သတင်းထောက် ၅ ဦးတို့ကို ယနေ့ တရားရုံးသို့ ၀င်ခွင့်ပြု လိုက်ကြောင်း နိုင်ငံခြားသတင်းထောက် တဦးက ဧရာဝတီသို့ ပြောကြားသည်။
“ထုံးစံအတိုင်း အကျဉ်းထောင်ထဲကိုဆိုတော့ ဘာပစ္စည်းမှတော့ ယူခွင့်မပြုဘူး၊ သတင်း ထောက်တွေကို မဲနှိုက်ပြီး ပေါက်တဲ့သူ ဝင်ခွင့်ပြုတာ၊ အခုလို မီဒီယာတွေကို ခွင့်ပြုတာတော့ ကောင်းတဲ့ကိစ္စပဲ” ဟု သူကဆိုသည်။
ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံသား၏ အမှုကို ယခုလ ၁၈ ရက်နေ့မှစတင်၍ ၂ ရက်အကြာ ရုံးတင်စစ်ဆေးခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် အာဏာပိုင်များ က ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရက ရုံးတင်စစ်ဆေးသည့် ကိစ္စအတွက် နိုင်ငံတကာက အများပြည်သူ ကြားနာခွင့်ရရှိသည့် တရားစီရင်ရေးဖြစ်စေရန် တောင်းဆိုထားခဲ့ရာ ယနေ့တွင် မီဒီယာတချို့ကို ဝင်ရောက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။
သတင်းထောက်များကို ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ ၀င်ခွင့်ပြုခဲ့ခြင်းမှာ နိုင်ငံတကာ အသိုင်း အ၀န်းက စစ်အစိုးရကို ဖိအားပေးတောင်းဆိုမှုများကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးက သုံးသပ်သည်။
သတင်းယူရန်အတွက် Reuters, AFP နှင့် ဂျပန်သတင်းဌာနသုံးခုတို့ မဲပေါက်ကာ ဝင်ခွင့်ရခဲ့ပြီး ပြည်တွင်း သတင်းထောက်များ အဖြစ် Myanmar Times ဂျာနယ် အပါအဝင် သတင်းဌာန ၅ ခုမှ သတင်းထောက်များ ၀င်ခွင့်ရသည်ဟု ကြားသိရသည်။
မည်သည့် သတင်းဌာနများ ပါဝင်သည်ကို အသေးစိတ် သိရှိရန် စုံစမ်းဆဲဖြစ်သည်။
Tags : from irrawaddy.org

0 comments:

Post a Comment